၁၈၀။ တော်၀င်အမိန့်တော်ပေးဖို့ ရောက်လာတာ

1.5K 225 13
                                    

အမေဟုအခေါ်ခံလိုက်ရသည့်အခါတွင် နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသော စိတ်ဆင်းရဲစရာများကို ပြန်သတိရသွားပြီး ယောင်ရှီ ၀မ်းနည်းသွားမိသည်။

ယောင်ရှီမှာ ငိုချင်စိတ်ကိုမထိန်းနိုင်တော့ဘဲ နှုတ်ခမ်းကိုလက်ဖြင့်အုပ်ကာ ရှိုက်ငိုနေလေသည်။ သူမဘေးရှိ ၀မ်ချူအန်းနှင့် ဟူးအန်းချွမ်ကလည်း ဖုန်းယွိဟန်အား မျက်ရည်၀ဲကာ ကြည့်နေကြကာ နှုတ်ခမ်းလှုပ်ပြီး " ကျေးဇူးတင်ပါတယ် " ဟု လှမ်းပြောကြသည်။ ကျွန်မတို့ကို ခွင့်လွှတ်ပေးပြီး အသက်ချမ်းသာပေးလို့ သခင်မလေးကို ကျေးဇူးတင်ပါတယ် ။

ဖုန်းရှန်းရုန်ကလည်း ဖုန်းယွိဟန်၏ဘေးတွင် ဒူးထောက်ချလိုက်ပြီး ယောင်ရှီအား ၀ပ်တွား၍ဂါ၀ရပြုသည်။ " ရှန်းရုန် အမေ့ကို ဂါ၀ရပြုပါတယ် "

ယောင်ရှီမှာ တစ်ရှုံ့ရှုံ့ငိုနေရာမှ ရှိုက်ကြီးတစ်ငင် ငိုသွားတော့သည်။

ဖုန်းအိမ်တော်မှလူများလည်း သက်ပြင်းချလိုက်မိကြသည်။ ဖုန်းကျင်းယွမ်သည်ပင် ယောင်မိသားစုက တောက်ပခဲ့သည့်အချိန်ကို ပြန်တွေးမိနေလေ၏။ ယောင်ရှီက ဖုန်းအိမ်တော်ကို ဘယ်လောက်တောင် ကောင်းကောင်းမွန်မွန် ထိန်းသိမ်းနိုင်ခဲ့လိုက်သလဲ ။

အားလုံးက တစ်ရှုံ့ရှုံ့ဖြစ်နေကြသည်ကိုကြည့်ရင်း ဖုန်းဖန်းသိုက်ကလည်း ဖုန်းရှန်းရုန်ကဲ့သို့ လိုက်လုပ်တော့မည်အပြုတွင် ဖုန်းချန်းယွီ၏အသံကို ကြားလိုက်ရသည်။ " သူမကို အမေလို့ခေါ်လိုက်တာနဲ့ နင်နဲ့နင့်အမေမှာ အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး "

ထိုစကားများကြောင့် ဖုန်းဖန်းသိုက်က ရပ်သွားတော့သည်။

ဖုန်းကျင်းယွမ်ကမူ ကြိတ်၍ပျော်နေလေသည်။ တော်သေးတာပေါ့ ဒုတိယသမီးက အဲ့ကြောင်ကို အိမ်ကိုပြန်ခေါ်မလာခဲ့လို့ ။ အနည်ဆုံးတော့ သူ အကြောက်သက်သာရတာပေါ့ ။ ထိုကြောင်က ပုမိသားစုက သခင်မလေးကို လက်ချောင်းပြတ်သည်အထိ ကိုက်ခဲ့ခြင်းကို ကိုယ်တိုင်တွေ့ခဲ့ရတာဖြစ်၍ အိမ်မှာသာမွေးထားမည်ဆိုပါက ကြောက်ရွံ့ပြီး နေရမှာဖြစ်သည် ။ အားလုံး တစ်ရှုံ့ရှုံ့ငိုနေသည်ကိုကြည့်ကာ ဖုန်းကျင်းယွမ် စိတ်ရှုပ်လာမိသည်။ " ပျော်ရမယ့်ကိစ္စကို ဘာလို့ ဒီလိုငိုနေကြတာလဲ ၊ နောက်ကျနေပြီ သွားနားကြတော့ ! "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now