Part61(uni+zawgyi)

1.6K 69 10
                                    

Uni

"မင်းတို့ဘာအားကိုးရလဲ ဟန် ငါကတော့ နေ့နေ့ညညစောင့်နေပါဆိုပြီး တစ်ယောက်တည်းတောင်မဟုတ် လူတွေအများကြီးထားထားတာ ခုတော့ တောက်"
သတ္တိတစ်ယောက်တင်းပြီလေ

ဒီလောက် အချိန်ကုန်ခံ ငွေကုန်ခံပြီး စောင့်ကြည့်ခိုင်းထားတာတောင် ဒီလို့မျိုးဖြစ်ရတယ်လို့

"သားရယ် ဘာမှမစိုးရိမ်ပါနဲ့ အဲ့ကောင်မခန့်ထယ်ဝါဆီမရောက်သေးသရွေ့မေမေတို့မှာ အခွင့်အရေးရှိသေးပါတယ်"

"ဘာအခွင့်အရေးမှမရှိတော့ဘူး အန်တီမေ နက်ကခုကျွန်တော့်ဆီမှာ"

"သားခန့် "

"ဟုတ်တယ် ကျွန်တော်ခန့်ထယ်ဝါပဲ ကျွန်တော်အသုံးမကျခဲ့လို့ ကိုယ့်မိန်းမနဲ့ကိုယ့်သွေးသားကိုပင်ပန်းစေခဲ့ပေမယ့်

ခုချိန်ကစပြီး ဘယ်သူ့မှ နက်နဲ့ကလေးကို အထိခိုက်ခံတော့မှမဟုတ်လို့ အန်တီမေဘာတစ်ခုမှနက်ဆီကနေမမျှော်လင့်ပါနဲ့တော့

နက်နဲ့ဗိုက်ထဲကကလေးကို ကျွန်တော် အသက်နဲ့ရင်းပြီးကာကွယ်မှာမို့

အန်တီမေက ခုကစပြီး ကိုယ့်သားကိုယ်သာ နောက်တစ်ကြိမ်ထောင်ထဲမဝင်ရရေး ကျိုးစားလိုက်ပါဦး"

"ဘာပြောတယ် ခန့်ထယ်ဝါ

မင်းမိုက်ရိုင်းလှချည်လား

မင်းက ဘာမို့လို့ ငါနဲ့ငါ့သားကိုဝေဖန်နေတာတုန်း

မင်းမြဲမြဲမှတ်ထားရမှာတစ်ခုက ငါတို့ကသာ မင်းရဲ့သွေးသားတော်စပ်တဲ့သူတွေ အဲ့ကောင်မက ဘာမှတော်တာမဟုတ်ဘူး"

"ဟုတ်တယ် ဘာမှမတော်ဘူး ဒါကြောင့် ကျွန်တော်သူ့ကိုလက်ထပ်ထားတာ သူကကျွန်တော့်မိန်းမ သူကကျွန်တော့်ကလေးရဲ့မိခင်"

"မင်းကလေးလို့ဘယ်သူပြောလဲ
ပုလဲနက်ရဲ့ကလေးက ငါ့သားရဲ့ကလေး လဲဖြစ်နိုင်တာပဲလေ"

"ဖြောင်း"

"ကို"

"အေး ငါသည်းခံနိုင်တဲ့အတိုင်းအတာကုန်သွားပြီမေ မင်းကို ငါ့အမျိုးသမီးတစ်ယောက်အနေနဲ့ အဲ့လောက်ထိယုတ်မာခွင့်မပြုနိုင်တော့ဘူး"

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now