Part - 1

2K 94 10
                                    

🍏ကလေးကြောင့်🍏
🤍MileApo🤎

''ကလေး.. Po .. အပိုနတ်ထဝင်း''

နာမည်အရင်းတွေပါခေါ်လာ၍ Apo စောင်ကိုခေါင်းကခြုံကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။

''သခင်လေး''

''ဒေါ်လေးဖေး ကလေးရော''

''အငယ်လေးက သူ့အခန်းထဲမှာပါသခင်လေး''

Apo စောင်ထဲကနေ နားစွင့်နေသည်။ မကြာပါ တံခါးဖွင့်သံကြားရပြီး စောင်ဖယ်ခံလိုက်ရသည်။ Apoကိုပါ လက်ကနေဆွဲမခံလိုက်ရသဖြင့် အိပ်ချင်ယောင်ဆောင်လို့မရတော့၍ Apoမျက်လုံးလေးဖွင့်ကြည့်မိတော့ သူ့ရှေ့မှာမျက်နှာတည်တည်နဲ့ခါးထောက်ရပ်နေသူ..

''ကိုကို ပြန်လာပြီလား.. poမသိလိုက်လို့''

ကိုယ်မွှေထားတာကိုယ်သာသိတာမို့ မျက်နှာချိုသွေးရယ်ပြကာပြောနေပေမဲ့ ကိုကိုကတော့လိုက်မရယ်ခဲ့ပါ..

''ကိုယ့်အပြစ်ကိုသိတယ်မလား''

''poဘာလုပ်မိလို့လဲ''

ဒီလိုဘဲ ဗြောင်လိမ်ဗြောင်စားလုပ်ရတာပေါ့
poမသိချင်ယောင်ဆောင်ကာ ပြောတော့ကိုကိုက လက်ထဲကပစ္စည်းတစ်ခုကို ပေးလာသည်။ အပြာရောင်စာအိတ်လေး

''အဲ့တာ ဘာလဲဟင်ကိုကို''

''ကိုကိုက ဒီထဲကစာတွေပါ ကလေးကိုဖတ်ပြရမှာလား၊
ကလေးလုပ်တာ ကိုကို့ကိုအထင်လွဲစေမယ်ဆိုတာမတွေးမိဘူးလား ''

''poတောင်းပန်ပါတယ်ကိုကို အဲ့အမကြီးက ကိုကို့ကိုသဘောကျနေတာတဲ့၊ poကိုလည်းကူညီဖို့ပြောနေလို့ ကူညီမိတာပါ''

poစကားကြောင့် mileသက်ပြင်းရှည်ကြီးချမိသည်။
ကုမ္ပဏီက ရှယ်ယာဝင်ဖြစ်တဲ့ pinkက mileကိုသဘောကျနေတာကိုသိပေမဲ့ mileမသိချင်ယောင်ဆောင်နေခဲ့တာ.. ရေလာမြောင်းပေးလုပ်ပေမဲ့ မူးလို့တောင်ရူချင်ယောင်မဆောင်ခဲ့ဘူး။

ဒါကိုဘဲ ဒီနေ့မှာ mileရုံးခန်းထိလာပြီး mileပေးတဲ့စာဆိုပြီးပြောလာတော့ လူမှာကြောင်အသွားရသည်။ စာကိုဖွင့်ကြည့်ချိန် မြင်လိုက်ရတဲ့လက်ရေးကြောင့် တရားခံကိုသိလိုက်ရတာ၊ တော်သေးတာက pinkဆိုတဲ့အမျိုးသမီးက mileလိုလူက ကလေးကလားရည်းစားစာ ရေးပေးမဲ့သူမဟုတ်တာကိုသိနေလို့။

ကလေးကြောင့် Where stories live. Discover now