Part - 18

611 54 26
                                    

🍍ကလေးကြောင့်🍍
🤍MileApo🤎

''အား poခေါင်းတွေကိုက်တယ်.. တူနဲ့ထုထားသလိုဘဲ''

''ကိုက်မှာပေါ့ ကိုကိုတားနေတဲ့ကြားကစွတ်သောက်တာကိုး၊ နေဦး zeeတိုက်တုန်းကအဲ့လောက်ထိမမူးသေးပါဘူး၊ ပြီးတော့ ညကအရက်နံ့​ရတယ်ဘယ်တုန်းကသောက်လိုက်တာလဲ''

ကိုကိုပြောမှ poပြန်စဥ်းစားတော့ pongရဲ့လက်စွမ်းကိုသိချင်လို့မြည်းပေးရာက တဖြည်းဖြည်းများသွားတာဖြစ်သည်။

''ဟီး''

poကိုကို့ကို သွားလေးဖြီးကာမျက်နှာချိုသွေးလိုက်သည်။ ဆူခံရမှာစိုးလို့။

''ဒါဆို ဒီနေ့ကိုကိုနဲ့မလိုက်နဲ့တော့ အိမ်မှာဘဲနားတော့.. အန်တီဖေး ကလေးအတွက်ခေါင်းကြည်အောင် ပျားရည်နဲ့သံပုရာရည်လေးလုပ်ပေးပါဦး''

''အလုပ်ကိုသူဌေးကိုယ်တိုင်ကမလိုက်ခိုင်းတာဆိုတော့ လစာထဲကမဖြတ်ဘူးမလား''

''လစာထဲကလဲမဖြတ်ဘူး လစာလဲမပေးဘူး၊ အလကားခိုင်းတာ''

''ဒီCEOက ကပ်စေးနှဲတယ်''

poကနှာခေါင်းလေးရူံ့ကာစတော့ mileကpoအနားနားကပ်ကာ

''CEOကတော်ဖြစ်မဲ့သူမို့ လစာမပေးတော့ဘူး.. CEOရဲ့ရသမျှကိုအကုန်အပ်မယ်''

''ကိုကို''

အန်တီဖေးကြားသွားမည်စိုး၍ poကအသံတိတ်အော်သည်။ mileကတော့ ကြည်နူးသလိုပြုံးရယ်နေသည်။

''ကဲ အလုပ်သွားတော့မယ်.. အန်တီဖေး ကျနော်သွားပြီ ကလေးကိုဂရုစိုက်ပေးဦး၊ ကလေး ကိုကိုသွားပြီ''

သွားတာတောင်ရိုးရိုးမသွားဘဲ poခေါင်းကိုနမ်းကာထွက်သွားတာမို့ poမှာအန်တီဖေးကိုမလုံမလဲလှမ်းကြည့်တော့ အန်တီဖေးကတစ်ဖက်လှည့်နေတာမို့တော်သေးသည်။

''အငယ်လေး ဘာစားချင်လဲ၊ အန်တီဖေးဘာလုပ်ပေးရမလဲ ''

''ရတယ်အန်တီဖေး poဘာမှမစားချင်သေးဘူး၊ ဗိုက်ဆာမှ ခေါက်ဆွဲပြုတ်စားတော့မယ်.. ဒါနဲ့ အန်တီဖေးမျက်နှာလဲမကောင်းပါလား နေမကောင်းဘူးလား''

''ကောင်းပါတယ်အငယ်လေး၊ အန်တီဖေးကညကနောက်ကျမှအိပ်လို့ အိပ်ရေးမဝနေတာပါ''

ကလေးကြောင့် Where stories live. Discover now