Part - 12

584 65 26
                                    

🍉ကလေးကြောင့်🍉
🤍MileApo🤎

''အန်တီဖေး ကလေးရော''

''အငယ်လေး သူ့အခန်းထဲမှာအိပ်ပျော်နေတယ်ထင်တယ်''

''ဟုတ်လား ရော့ ဒါက ကလေးအတွက်၊ ဒီတစ်ခုက အန်တီဖေးအတွက်.. ကလေးအတွက်က သူဆာမှပြင်ပေးလိုက်တော့ ''

မုန့်ထုတ်တွေကို အန်တီဖေးလက်ထဲထည့်ခဲ့ကာ အပေါ်တက်လာခဲ့သည်။ ကိုယ့်အခန်းကိုအရင်မဝင်ဘဲ ဘေးအခန်းတံခါးကိုအရင်ခေါက်တော့ အထဲကဘာအသံမှမကြားရ၍ ကိုယ်ဘာကိုဖွင့်ဝင်လိုက်သည်။

ကုတင်ပေါ်မှာ စောင်နဲ့လုံးကာအိပ်နေတဲ့ကလေး.အိပ်မောကျနေပုံရကာ အသက်ရူသံတွေပင်ပြင်းနေသည်။ နဖူးပေါ်ကျနေတဲ့ဆံပင်တွေကိုသပ်တင်ပေးရင်း အိပ်ပျော်နေတဲ့မျက်နှာလေးကိုကြည့်မိသည်။

''ကလေး ငိုထားတာလား''

အရင်ကဆို မျက်တောင်လေးတွေကတစ်တောင်ချည်းဖြာကျနေခဲ့တာ အခုတော့မျက်တောင်တွေကအစုလိုက်လေး.. အသာထိကြည့်တော့ အနည်းငယ်စိုချင်သယောင်။ ကလေးကဘာလို့ငိုထားတာလဲ ဘာများဖြစ်လို့လဲ။

အိမ်အောက်ပြန်ဆင်းကာ အန်တီဖေးကိုရှာပြီးမေးတော့

''အငယ်လေးက နေ့လည်ကအထိပြုံးပြုံးရွှင်ရွှင်ပါ၊ ကြည့်ရတာ mintပြန်သွားလို့လွမ်းနေတာဖြစ်မယ်''

အန်တီဖေးကိုထပ်မပြောတော့ဘဲ ကိုယ့်အခန်းကိုဝင်ခဲ့သည်။ mintကိုလွမ်းလို့ငိုရလောက်တဲ့အထိ ကလေးကအသည်းမပျော့ဘူးလို့ထင်သည်။ သူငယ်ချင်းကိုဘယ်လောက်ခင်နေပါစေ လွယ်လွယ်နဲ့မျက်ရည်ကျမတဲ့လား။ အန်တီဖေးပြောသလိုဆို ထွေထွေထူးထူးရှိမယ်မထင်ပါ သူကဘဲအစိုးရိမ်လွန်နေတာဖြစ်မည်။

mileဆက်မတွေးတော့ဘဲ ရေချိုးခန်းဝင်ကာရေချိုးလိုက်တော့သည်။ ပြီးနောက် ပေါ့ပေါ့ပါးပါးအိမ်နေရင်းအဝတ်အစားကိုဝတ်ထားလိုက်သည်။

တီ တီ တီ

အားသွင်းထားတဲ့ဖုန်းမှမြည်လာတာကြောင့် ဖုန်းကိုဖြုတ်ကာကိုင်လိုက်သည်။

''ဟုတ် မား''

''သား အလုပ်ကပြန်လာပြီလား''

''ဟုတ်မားပြန်ရောက်ပြီ အခုဘဲရေချိုးပြီးတာ''

ကလေးကြောင့် Where stories live. Discover now