Part - 17

649 54 24
                                    

🐚ကလေးကြောင့်🐚
🤍MileApo🤎

''မောနင်း ကိုကို.. မောနင်း အန်တီဖေး''

''မောနင်း ကလေး''

''အငယ်လေး ဘယ်သွားမလို့လဲ''

''poက ကိုကိုနဲ့အလုပ်လိုက်သွားမှာလေ၊ အန်တီဖေး poအလုပ်ဝင်တော့မှာ''

poက ဂုဏ်ဆာသလိုလေးပြောတော့ mileပြုံးလိုက်သည်။ အလုပ်လုပ်ရမှာကို ပျော်နေပုံရသည်။

''မမကြီးပြောလဲပြောချင်စရာဘဲ၊ သခင်လေးတို့ညီကိုနှစ်ယောက်က ဘာလို့အလုပ်ကိုရူးသွပ်ကြတာလဲ အငယ်လေးဆိုကျောင်းပြီးတာမှမကြာသေးဘူး အလုပ်လုပ်တော့မယ်.. ''

''အန်တီဖေးကလဲ ကိုကိုကျပင်ပင်ပန်းပန်းအလုပ်လုပ်ရပြီး poကျထိုင်စားနေတာမဖြစ်သင့်ဘူးလေ''

''အမလေး ဟုတ်ပါပြီ.. ဒါနဲ့ သခင်လေးကရော ဘယ်တော့အိမ်ထောင်ပြုမှာလဲ မမကြီးကဖုန်းဆက်မေးနေတယ်၊ လက်ထပ်ဖို့မစဥ်းစားတော့ဘူးလားတဲ့''

''လက်ထပ်ဖို့က မကြာခင်ပေါ့ ဟုတ်တယ်မလားကလေး''

''အဟွတ် အဟွတ်''

mileစကားကြောင့် poမှာရေသောက်နေရင်းသီးသွားသည်။

''အော် ကလေးရယ် ဖြည်းဖြည်းသောက်မှပေါ့''

mileကတစ်ရှူးစကိုယူကာ poနှုတ်ခမ်းကိုဖွဖွလေးသုတ်ပေးလာသည်။ သုတ်ပေးရင်း poနှုတ်ခမ်းကိုလက်မနဲ့ဖွဖွလေးဖိပွတ်ကာ poကိုစိုက်ကြည့်နေသည်။
poအကြည့်လွှဲပြီး အစားကိုသာဆက်စားဖို့ပြင်မှ mileကနောက်ဆုတ်သွားသည်။ အန်တီဖေးရဲ့ ထူးဆန်းသလိုအကဲခတ်နေတာကိုတော့ နှစ်ယောက်စလုံးမမြင်လိုက်ပါ။

..

''ကိုကို ဘာလို့အန်တီဖေးရှေ့မှာအဲ့လိုပြောရတာလဲ၊ အန်တီဖေးသိသွားရင်ဘယ်လိုလုပ်မလဲ''

ဘေးခုံက poစကားကြောင့် mileကားကိုလမ်းဘေးခဏထိုးရပ်လိုက်သည်။

''ကလေး ကိုကိုကသိစေချင်လို့ပြောလိုက်တာလေ၊ ကိုကိုက ကလေးကိုခိုးကြောင်ခိုးဝှက်တွဲနေရမှာလား၊ တစ်နေ့နေ့တစ်ချိန်ချိန်လဲသိလာမှာဘဲ အဲ့လိုသိလာမဲ့အတူတူ အခုကထဲကသိသွားတော့အဆင်ပြေတယ်လေ.. ဖြစ်နိုင်ရင် ကိုကိုတို့အကြောင်းကိုလူတိုင်းသိအောင်ပြောပြချင်တာ အခုကလဲ ကလေးအချိန်ယူရမယ်ဆိုတာသိလို့ အတင်းအကျပ်မလုပ်တာ''

ကလေးကြောင့် Where stories live. Discover now