Part - 21

538 56 9
                                    

🍓ကလေးကြောင့်🍓
🤍MileApo🤎

''သခင်လေးအကြိုက်တွေဘဲ အန်တီဖေးချက်ပေးထားတယ်၊ စားတော့မလား''

စားပွဲပေါ်ကဟင်းခွက်တွေကိုကြည့်ပြီး ကိုယ့်အကြိုက်ဟင်းတွေချည်းဆိုပေမဲ့ စားချင်စိတ်မှမရှိတာ ဘယ်စားဝင်ပါ့မလဲ။

''ကျနော် မစားချင်သေးဘူး.. ''

''သားကြီး''

သူမခေါ်လိုက်တော့ ကျောပေးရက်နဲ့ရပ်သွားတဲ့သား သို့သော် သူမဘက်ကိုလှည့်မကြည့်

''သား ထမင်းကောင်းကောင်းမစားတာ ဘယ်လောက်ကြာပြီလဲ တစ်ပန်းကန်လောက်တော့ဝင်အောင်စားလိုက်ပါ''

သူမစကားအဆုံးမှာ ထမင်းစားခန်းထဲနေထွက်သွားတဲ့သားကိုကြည့်ပြီး သူမဝမ်းနည်းရပါသည်။ သားငယ်အိမ်ကထွက်သွားတဲ့တစ်လမှာ  သားကသူမကိုစကားလဲမပြောတော့သလို အစားလဲပုံမှန်မစားတော့။ အရင်လိုအပြုံးလှလှလေးတွေလဲသားဆီမှာ မရှိတော့ဘူး..

''မမကြီး ဒီပုံစံအတိုင်းဆိုရင် သခင်လေးကကျန်းမာရေးထိခိုက်လာနိုင်တယ်.. ကျမတို့ဘယ်လိုလုပ်ကြမလဲ''

အန်တီဖေးကတော့ပြောရင်း ငိုလေပြီ။ ကိုယ့်မျက်စိအောက်တင်ကြီးပျင်းလာတဲ့ကလေးနှစ်ယောက်မို့ တစ်ယောက်ကသူတို့ဆီကထွက်သွားချိန် နောက်တစ်ယောက်ကလဲစကားတောင် ဆယ်ခွန်းပြည့်အောင်မပြောတော့ပေ။

စေ့စပ်ပွဲကလဲပျက်သွားပြီး mintကလဲချစ်သူကောင်လေးရှိနေတာမို့ သားနဲ့mintရဲ့ပွဲကမရှိတော့ပါ။ mintတို့မိသားစုနဲ့အတူ ခင်ပွန်းမှာလဲအလုပ်တွေပစ်ထားမရ၍ ပြန်လိုက်သွားရသည်။ သူမသာ သားကိုစိတ်မချလို့နေခဲ့တာ.. သားမိနှစ်ယောက်ထဲရှိတာတောင် သားကသူမကိုစကားကောင်းကောင်းမပြောပါ။ ဟုတ်တစ်လူံးကလွဲရင်သားဆီက ဘာမှထွက်မလာ။

''ဖေး သိမ်းလိုက်တော့ မမလဲမစားတော့ဘူး''

သူမသားတွေကို ချစ်သူပါဆိုပြီးမြင်ပေးနိုင်ဖို့ ဘယ်လိုကြိုးစားရမည်လဲ။ ညီကိုအရင်းတွေပါလို့ မြင်လာရတဲ့သူနှစ်ယောက်ကို ချစ်သူတွေအဖြစ်လက်ခံပေးဖို့က အမေတစ်ယောက်အနေနဲ့လွယ်ကူမတဲ့လား။

ကလေးကြောင့် Where stories live. Discover now