Part - 16

671 56 25
                                    

🍐ကလေးကြောင့်🍐
🤍MileApo🤎

''နတ်ထဝင်း ငါမနေ့ညက မင်းနဲ့မင်းကိုကြီးကိုမြင်လိုက်တယ်''

''အင်း အဲ့တော့ ငါနဲ့ကိုကို့အခြေအနေကိုမေးချင်လို့လား''

ကမ္ဘာလုံးကိုကြည့်ရတာမေးရခက်မမေးရခက်ဖြစ်နေပုံ.
ဒါကြောင့် မနက်မိုးလင်းကထဲကpoကိုဘဲ လိုက်ကြည့်နေတာကိုး။

''ငါတမင်လိုက်ကြည့်တာမဟုတ်ပါဘူး၊ မနေ့ညကအသံတွေကြောင့်ငါလန့်နိုးတော့ မင်းကမရှိဘဲတံခါးကြီးကလဲပွင့်နေလို့ ငါလိုက်ကြည့်မိတာ၊ မင်းများအိမ်မက်ယောင်ပြီးလျှောက်သွားတာလား ငါစိတ်ပူလို့၊ မထင်မှတ်ဘဲမင်းတို့ကိုတွေ့လိုက်တာ''

''မင်းမြင်ခဲ့သလိုဘဲ ငါနဲ့ကိုကိုကချစ်သူတွေ''

''မင်း မင်းတို့က..''

''ငါတို့က ညီကိုအရင်းတွေမဟုတ်ဘူး.. ငါ့ကို ကိုကိုတို့ကမိဘမဲ့ဂေဟာကမွေးစားခဲ့တာလေ ငါကမိဘမဲ့ပေါ့''

poအပြောကြောင့် earthမှာအားနာသွားသလို poအတွက်လဲစိတ်မကောင်းဖြစ်သွားရသည်။

''ငါ ငါတောင်းပန်ပါတယ်ကွာ.. ငါကမနေ့ညကအဖြစ်ကိုမြင်တော့ မယုံနိုင်ဖြစ်လို့မေးမိတာပါ မင်းအကြောင်းကို အခုလိုပြောမိအောင်လုပ်တာမဟုတ်ပါဘူး''

''မင်းက ငါမိဘမဲ့ဆိုရင် ငါ့ကိုမပေါင်းတော့ဘူးလား''

''နတ်ထဝင်း မင်းငါ့ကိုဘာထင်နေတာလဲ၊ ငါ့မှာအဲ့စိတ်မရှိဘူး မင်းနဲ့ငါပထမနှစ်ကထဲကပေါင်းလာတာ ငါ့စိတ်ဘယ်လိုဆိုတာမင်းမသိဘူးလား''

''သိလို့မေးတာပေါ့ကွ.. မင်းကငါ့အတွက်သူငယ်ချင်းကောင်းဘဲဟာ''

''ဒါနဲ့ မင်းတို့ကဘယ်လိုဖြစ်ပြီးချစ်သူတွေဖြစ်သွားတာလဲ.. မင်းကမွေးစားသားဆိုတာကရော မင်းကိုကြီးကပြောပြတာလား''

''ငါအမှတ်မထင် ကိုကို့အခန်းထဲဝင်ကြည့်မိရင်းတွေ့တာ၊ ငါဒီအကြောင်းတွေသိသွားတာ ကိုကိုရိပ်မိမယ်ထင်တယ် ကိုကိုကငါ့ကိုဘာမှမပြောဘူး''

''မင်းကိုကြီး မင်းကိုသည်းသည်းလှုပ်နေကထဲက မင်းကိုအရမ်းချစ်တာသိသာပါတယ်၊ မင်းစိတ်ဆင်းရဲအောင်တော့ပြောမှာမဟုတ်ဘူး..''

ကလေးကြောင့် Where stories live. Discover now