Part - 23

574 68 31
                                    

ကလေးကြောင့်
MileApo

''ကိုကြီးရေ ကိုကြီး''

po ပန်းခြံထဲပျိုးပင်တွေချဖို့ ပေါက်တူးတလက်နဲ့မြေဆွနေတုန်း ပန်းစိုက်တဲ့နေရာအထိ စက်ဘီးစီးကာအော်ဟစ်လာတဲ့ barcodeကြောင့် poမြေဆွနေတာကိုရပ်လိုက်သည်။

''n'code ဘာဖြစ်လို့လဲ''

''ကိုကြီးကို ဦးကြီးနိုင်းကခေါ်ခိုင်းလိုက်တယ်''

ဦးကြီးနိုင်းဆိုတာ ရွာလူကြီးဖြစ်သည်။

''ရွာထဲဘာကိစ္စဖြစ်လို့လဲ''

''ကိုကြီး.. ဦးကြီးနိုင်းအိမ်မှာ လေးငယ်ကိုတွေ့ခဲ့တယ်၊ လေးငယ်တို့ပြောနေတာကို သားကြားခဲ့တာက သားတို့ရွာထိပ်ကမြေကွက်ကို လေးငယ်ကရောင်းစားလိုက်တယ်တဲ့..''

''ဘာာ.. နေပါဦး သူကဘာအားကိုးနဲ့ရောင်းစားပစ်တာလဲ၊ သူနဲ့မှမဆိုင်တာ''

''လေးငယ်က အဖိုးတို့တုန်းကရှိတဲ့မြေဂရံနဲ့ကုမ္ပဏီတစ်ခုကိုရောင်းလိုက်တာမို့ ဦးကြီးနိုင်းကိုအသိသက်သေအဖြစ်လက်မှတ်ထိုးခိုင်းတယ်တဲ့.. ကိုကြီး သားတို့မြေကွက်က တကယ်သူများဆီရောင်းလိုက်မှာလား''

ငိုမဲ့မဲ့မျက်နှာလေးနဲ့ barcodeကြောင့် poလက်ထဲကပေါက်တူးကို စိုင်းလုဆီပေးလိုက်သည်။ လေးငယ်ဆိုတာ poပထွေးရဲ့ညီဖြစ်ပြီး အမွေခွဲကာမြို့ပေါ်သွားနေတဲ့သူ။ အမွေတွေအကုန်ယူပြီး အလောင်းအစားလုပ်လို့မွဲပြာကျနေတော့ ကလိမ်ကကျစ်လုပ်ပြီးဒီမြေတွေလာရောင်းနေတာ။

ဒီမြေတွေက ဦးလေးမသေခင်က barcodeနာမည်နဲ့လွှဲပေးခဲ့တာ.. barcodeလေးကလဲ အထက်တန်းပြီးတာနဲ့ ရွာထိပ်ကအဲ့မြေကွက်ကို စပျစ်ခြံလုပ်ဖို့စိတ်ကူးနေတာမို့ အဲ့အကွက်ကို poသေချာခြံခတ်ထားပေးထားတာ.. ဒါကိုဘဲ ကိုယ့်တူအရင်းအပေါ်တောင်ယုတ်မာလွန်းတဲ့ လေးငယ်ကြောင့် poဒေါသတွေတလိပ်လိပ်တက်ရသည်။

barcodeစီးလာတဲ့စက်ဘီးလေးကို poရှေ့ကတက်စီးတော့ barcodeကနောက်ကနေခွတက်လိုက်လာပြီး ရွာလူကြီးအိမ်ကိုခဏအတွင်းရောက်လာခဲ့သည်။ ရွာလူကြီးအိမ်မှာတော့ လေးငယ်နဲ့အတူ သူ့အမျိုးသမီးပါထိုင်နေပြီး poကိုမြင်တော့မဲ့ကာရွဲ့ကာနဲ့ကြည့်နေသည်။ ရွာလူကြီးအိမ်မှာလဲ လူတချို့ရှိနေသည် ကြည့်ရတာဒီကိစ္စကြားလို့လာစပ်စုကြတာလားမသိ။

ကလေးကြောင့် Where stories live. Discover now