Part - 9

591 55 20
                                    

🍁ကလေးကြောင့်🍁
🤍MileApo🤎

''ကလေး ကလေး.. ဟာ ဖျားပြီ ''

နဖူးကိုအသာစမ်းကြည့်တော့ ခြစ်ခြစ်တောက်ပူနေသည်။

''ဟယ်လို ဒေါက်တာ.. ကလေးဖျားနေလို့ အိမ်ကိုလာခဲ့ပေးပါဦး၊ ဖြစ်နိုင်ရင် အခုဘဲလာပေးပါဆရာ''

ဆရာဝန်ဆီဖုန်းဆက်ပြီး လောလောဆယ်အပူကျစေဖို့ရေပက်တင်ပေးရန် မီးဖိုချောင်မှာ ဇလုံတစ်ခုထဲရေထည့်ပြီး တဘတ်အသစ်တစ်ထည်ကိုသွားယူလိုက်သည်။

''သခင်လေး ဘာလုပ်ချင်လို့လဲ''

''ကလေးအနာရှိန်နဲ့ဖျားနေလို့ ရေပတ်တိုက်ပေးမလို့''

''အန်တီဖေးလုပ်လိုက်ပါမယ်၊ သခင်လေးက အလုပ်သွားဖို့ပြင်လိုက်ပါ''

''မသွားတော့ဘူး ဒီနေ့အိမ်မှာဘဲကလေးကိုစောင့်ရင်း အလုပ်လုပ်မယ်၊ အန်တီဖေးက စွပ်ပြုတ်လေးဖြစ်ဖြစ်လုပ်ပေးထား ရေပတ်တင်တာကျနော်ဘဲလုပ်ပေးလိုက်မယ်.. အော် ခဏနေဒေါက်တာလာမှာ ကလေးအခန်းကိုခေါ်ခဲ့ပေးတော့နော်''

အန်တီဖေးကိုသေချာမှာကာ ရေဇလုံနဲ့ကလေးအခန်းကို ထွက်လာခဲ့သည်။

ဖျားပြီးအိပ်ပျော်နေတဲ့ကလေးကိုမနိုးတော့ဘဲ ရေဝတ်ကိုသာနဖူးနဲ့လည်ပင်းတွေရင်ဘတ်တွေအထိပါ အေးအောင်လုပ်ပေးမိသည်။ ရေဝတ်ကလေးတစ်ခါတင်လိုက် အပူကျလားစမ်းလိုက်နဲ့ အလုပ်ရူပ်နေတုန်း

''သခင်လေး ဒေါက်တာရောက်လာပါပြီ''

ဒေါက်တာနဲ့အန်တီဖေး အခန်းထဲဝင်လာသည်မို့ mileလဲ poကိုနိုးလိုက်သည်။

''ကလေး ကလေး.. ခဏထ ကလေး''

ပုခုံးကိုအသာထိကာနိုးတော့ ရူံ့မဲ့ကာနိုးလာပြီး

''ကိုကို poခေါင်းတွေမူးတယ်.. မထချင်ဘူး''

''ကလေးဖျားနေလို့လေ ဒေါက်တာခေါ်ထားတာ၊ ဒေါက်တာ ကလေးကိုကြည့်ပေးပါဦး''

ဆရာဝန်က ကုတင်ဘေးကခုံမှာဝင်ထိုင်ပြီး poကိုစမ်းသပ်နေသည်။

''သား ခြေထောက်အနာ ဘယ်လိုနေလဲ''

''တဆစ်ဆစ်နဲ့ကိုက်နေတယ်ဆရာ''

ကလေးကြောင့် Where stories live. Discover now