Part - 4

662 60 4
                                    

🍁ကလေးကြောင့်🍁
🤍MileApo🤎

mileတို့အိမ်ပြန်ရောက်တော့ mintနဲ့အန်တီဖေးက TVကြည့်နေကြသည်။ mileက poကိုတွဲလာတာကိုမြင်တော့ နှစ်ယောက်စလုံးစိုးရိမ်တကြီးထလာကြသည်။

''သခင်လေး အငယ်လေးကဘာဖြစ်လာတာလဲ''

''အန်တီဖေး ရေတစ်ခွက်လောက်အရင်ယူပေးနော်''

''ဟုတ် သခင်လေး''

''poနေမကောင်းဘူးလား၊ နင်ဘာဖြစ်နေတာလဲ''

mintမျက်နှာကလဲ စိတ်ပူတဲ့အရိပ်တွေပြေးနေသည်။

''poဘာမှမဖြစ်ပါဘူး၊ အရက်ပြင်းတာသောက်မိပြီး နည်းနည်းမူးသွားလို့''

poကတော့ အဆင်ပြေအောင်လိမ်လိုက်သည်။

''သခင်လေး ရေရပါပြီ''

အန်တီဖေးလက်ထဲကရေခွက်ကိုယူကာ mileကpoကိုတိုက်သည်။

''ကလေး ဖြည်းဖြည်းသောက်''

''ဟင် p'mileလက်က''

poကိုရေခွက်ကိုင်တိုက်နေသည်မို့ mileလက်က ထိုးကျိတ်တုန်းက လက်ကပွန်းသွားသည်ကို mintကမြင်သွားလေသည်။ mintပြောမှ poလဲမြင်လိုက်ရသည်။

''ကိုကို့လက်က''

''ဘာမှမဖြစ်ပါဘူးကလေးရဲ့ ဒီလောက်ကမသေနိုင်ပါဘူး''

''ဘာဘဲဖြစ်ဖြစ် သခင်လေးရယ် ဆေးတော့ထည့်လိုက်ပါ ပွန်းပဲ့နေတာကို''

အန်တီဖေးက အရွယ်နဲ့မလိုက်အောင်အပြေးအလွှားဆေးဘူးသွားယူသည်။

''ပေး အန်တီဖေး mintထည့်ပေးလိုက်မယ်၊ p'mileလာထိုင်လိုက်ပါလား''

mintကဆေးဘူးကိုအန်တီဖေးလက်ထဲကယူပြီး mileကိုဆေးထည့်ပေးမည်ဆိုတော့ mileငြင်းရမှာအားနာ၍လက်ခံလိုက်သည်။

လူကသာဆေးထည့်နေတာ အာရုံကpoဆီမှာသာ။
poကတော့ အန်တီဖေးဘေးမှာထိုင်ကာနေနေသည်။

''အ''

''အယ် ခေါထို့ p'mile.. ဖူး''

mintက ရုတ်တရက်အရက်ပြန်တို့လိုက်တာကြောင့် poဆီအာရုံရောက်နေတဲ့mileကထအော်လိုက်မိသည်။ ထိုအခါ mintက mileလက်ကိုကိုင်ကာလေနဲ့မှုတ်ပေးလာသည်။

''ကိုကို poနားချင်ပြီ''

poချက်ချင်းထရပ်ကာ အပေါ်ကိုတက်သွားတော့သည်။

ကလေးကြောင့် Where stories live. Discover now