Part - 15

739 56 28
                                    

⛄ကလေးကြောင့်⛄
🤍MileApo🤎

💌 ကိုကို မနက်စာစားပြီးပြီလား

💌 အင်း စားပြီးပြီ၊ ကလေးကော စားပြီးပြီလား၊ ဘာလုပ်နေတာလဲ

💌 poက ကိုကို့ကိုထိုင်လွမ်းနေတာ

💌 ကိုကိုလဲ ကလေးကိုလွမ်းတာပေါ့ အခုတောင်မျက်နှာလေးမြင်ချင်လာပြီ

💌 မြင်ချင်ရင် ကိုကို့အင်္ကျီကိုဖွင့်ကြည့်လေ ကိုကို့ရဲ့ဘယ်ဘက်ရင်ဘတ်ထဲမှာ poထိုင်နေတာမြင်လား ဒီလိုမျိုး

poဆီက စာနဲ့အတူရောက်လာတဲ့ဓာတ်ပုံလေးကြောင့် mileနှုတ်ခမ်းထောင့်တွေကွေးသွားတဲ့အထိပြုံးမိသွားသည်။ အသည်းယားလွန်းလို့ လက်သီးပါဆုပ်လိုက်မိသည်အထိ။

mileအခန်းထဲက ကုတင်ပေါ်မှာငုတ်တုတ်လေးထိုင်ပြီး လျှာထုတ်ကာပြောင်ပြနေတဲ့ပုံလေးက စကားနဲ့တင်မကလူနဲ့ပါခြွေချနေသလို.. လူတွေပြောပြောနေတဲ့ ကောက်ပွေ့ချင်စရာလေးဆိုတာ ကလေးကိုပြောတာများလား။

''အဟင်း''

အသံထွက်ကာရယ်မိပြီးမှ လက်ရှိအနေအထားကိုသတိရတော့ အစည်းအဝေးခန်းထဲမှာ အခန်းထဲကလူတွေအကုန်လုံးကသူ့ကိုပြူးကြည့်နေကြသည်။ လုပ်ငန်းအကြောင်းရှင်းပြနေတဲ့ဝန်ထမ်းမှာလဲ ဆက်မပြောဘဲရပ်ကြည့်နေတာမို့.

''ဘာကြည့်နေတာလဲ ရှင်းလို့ပြီးပြီလား''

''မပြီးသေးဘူးရှင့်''

''အာ့ဆို ဆက်ရှင်း''

''ဟုတ် ဟုတ်ကဲ့ CEO"

အစည်းအဝေးခန်းထဲကဝန်ထမ်းတွေကို အကြည့်တစ်ချက်ဘဲပို့လိုက်တာအကုန်လုံးခေါင်းငုံ့သွားကြသည်။ mileလဲ တသက်လုံးထိန်းလာတဲ့ CEOဂုဏ်ကိုပြန်ထိန်းကာ ဖုန်းကိုပိတ်လိုက်တော့သည်။ အိမ်ရောက်မှ အသည်းယားအောင်လုပ်တဲ့ကလေးကို အပြစ်ပေးရမယ်။

အစည်းအဝေးပြီးသွား၍ ကိုယ့်အခန်းထဲရောက်တော့

''p'mile နေ့လည်စာဘာစီစဥ်ပေးရမလဲ''

''အစ်ကိုဗိုက်ပြည့်နေပြီ''

''ဗျာ ဘာမှမစားရသေးဘူးလေ''

''အယ် မနက်ကမင်းဝယ်ပေးတာစားပြီးဗိုက်ပြည့်နေတာ အခုကမဆာသေးဘူး အစ်ကိုဗိုက်ဆာရင်ပြောမယ်..''

ကလေးကြောင့် Where stories live. Discover now