Part - 19

633 53 27
                                    

🌿ကလေးကြောင့်🌿
🤍MileApo🤎

''သားကြီး ဘယ်နေ့အလုပ်အားလဲ''

''ဘာလို့လဲမား''

''အော် မားတို့ကိုဒီကအထင်ကရနေရာလေးတွေလိုက်ပို့ပါဦး ရောက်တုန်းရောက်ခိုက်လည်ရအောင်''

''မားတို့သွားချင်တဲ့နေ့ဘဲပြောပါ.. သားကအလုပ်ကို nodtဆီလွှဲထားလို့ရပါတယ်''

''ဒါဆိုလဲ မနက်ဖြန်ဘဲသွားကြတာပေါ့..နောက်ဆိုလည်ဖို့အားမလားကမသေချာဘူး၊ သမီးmint.သမီးကောလိုက်ခဲ့နော်''

''ရှင် တီတီ mintကသွားစရာရှိသေးလို့''

''အော် သမီးရယ် နောက်မှသွားပေါ့.. အခုကမဲ့တို့မိသားစုလိုက်သွားကြမှာ''

ထမင်းစားဝိုင်းမှာ poတစ်ယောက်ဘဲစကားဝင်မပြောဘဲ အစားကိုသာငုံ့စားနေတာဖြစ်သည်။ poနဲ့mileကဘေးချင်းကပ်ထိုင်ပြီး စားပွဲထိပ်မှာကမားထိုင်တာဖြစ်သည်။ poနဲ့မျက်နှာချင်းဆိုင်က mintဖြစ်ပြီး အန်တီနမ့်နဲ့mileကမျက်နှာချင်းဆိုင်ထိုင်သည်။

poကအန်တီနမ့်ရှေ့က ပုစွန်ထုတ်ဟင်းကိုလှမ်းခတ်သည်။ သို့သော်လည်း poလက်တစ်ကမ်းစာထက်ဝေးနေတာမို့ တော်တော်နဲ့ခပ်မရ

''ဟုတ်သားဘဲ သမီးရယ်၊ သမီးပါအတူလိုက်တော့ သမီးအကိုနဲ့ပိုရင်းသွားတာပေါ့..နောက်လဲလက်ထပ်ကြမှာဆိုတော့ အတူသွားအတူလာလုပ်သင့်ပြီ''

''ဖက်''

poဇွန်းထဲပါလာတဲ့ပုစွန်လေးက ပန်းကန်ထဲပြန်ပြုတ်ကျသွားသည်။ မားရဲ့စကားကြောင့်လား poကဘဲလက်နဲ့မမှီလို့ပြန်ပြုတ်ကျလား poမသိပါ။ တိုက်ဆိုင်သွားတာဘဲဖြစ်မှာပါ။ ဒါကိုတော့ဘယ်သူမှသတိမထားမိလိုက် mile တစ်ယောက်သာသိလိုက်သည်။

poယူမယ်လုပ်နေတဲ့ပုစွန်လေးကို mileကလှမ်းယူလိုက်ပြီးသူ့ပန်းကန်ထဲကိုထည့်ကာအခွံခွာပြီး poပန်းကန်ထဲထည့်ပေးလိုက်သည်။ mileရဲ့လုပ်ရက်ကို ဘယ်သူမှထူးဆန်းမနေပါ.. mileကငယ်ကထဲက poကိုဒီထက်တောင်ပိုဂရုစိုက် ပိုသဲခဲ့တာမို့။

မားတို့တွေစားလိုက်စကားပြောလိုက်နဲ့ဖြစ်နေတုန်း poခြေဖဝါးပေါ်လာထပ်တင်တဲ့ကိုကို့ခြေထောက်.. poကိုကို့ကိုမသိမသာငဲ့ကြည့်တော့ ကိုကိုကလဲpoကိုဘဲကြည့်နေသည်။ကိုကို့အကြည့်တွေက ခုဏကမားစကားကြောင့် poကိုဝမ်းမနည်းစေချင်ဘူးဆိုတာမျိုးအဓိပ္ပါယ်သက်ရောက်နေသည်။

ကလေးကြောင့် Where stories live. Discover now