Part - 6

658 60 12
                                    

💐ကလေးကြောင့်💐
🤍MileApo🤎

''ဘာလဲ မင်းကုမ္ပဏီမှာလုပ်ရတာအာရုံမရတော့လို့ ငါ့ကလပ်မှာလာပြီးအလုပ်လုပ်နေတာလား''

ဝိုင်ခွက်နှစ်ခွက်ကိုချပေးပြီး zeeကပြောလာတော့ mileလုပ်လက်စအလုပ်ကိုရပ်ထားကာ လပ်တော့ကိုပိတ်လိုက်သည်။

သူကလဲသူပါဘဲ zeeရဲ့ကလပ်ထဲမှာလာထိုင်ပြီးလပ်တော့တစ်လုံးနဲ့အလုပ်တွေထိုင်လုပ်နေတာ.. တကယ်က zeeနဲ့တိုင်ပင်စရာရှိလို့လာရင်း zeeကလုပ်မအားသေးတာကြောင့်ထိုင်စောင့်ပြီး အလုပ်အလုပ်ဖြစ်သွားတာပါ။

''ကဲ ပြော မင်းငါ့ဆိုင်လာတဲ့ကိစ္စ''

''မင်းနဲ့တိုင်ပင်စရာရှိလို့''

''ဘာလဲ ငါ့ဆိုင်မှာရှယ်ယာဝင်မလို့လား''

''မဟုတ်ပါဘူး.. ကလပ်ကိုငါစိတ်မဝင်စားမှန်းမင်းသိပါတယ်''

mileတကယ်လဲ ကလပ်တွေဘာတွေစိတ်မဝင်စားပါ။

''အာ့ဆို ဘာတိုင်ပင်မှာလဲ''

zeeကဝိုင်တစ်ခွက်ကိုယူကာ လှမ်းယူသောက်ရင်းပြောတော့

''zee... ငါချစ်မိနေပြီ''

''ဖလူး..ဖွတ် ဟွတ်ဟွတ်ဟွတ်''

mileရဲ့ရုတ်တရက်အဆုံးအစမရှိပြောလာတဲ့စကားကြောင့် zeeတစ်ယောက် ဝိုင်တွေထသီးကုန်သည်။

''mileမင်းကွာ သူငယ်ချင်းအရင်းကြီးကို မကြံကောင်းမစည်ရာကွာ.. မင်း ငါ့အပေါ်ဘယ်လိုများ..''

''ဖွ လွဲပါစေဖယ်ပါစေ၊ မင်းကိုတော့အလကားပေးတောင်မကြိုက်ဘူး ဟေ့ကောင်၊ မင်းtypeနဲ့ငါ့typeကို မင်းဘယ်လိုတောင်တွေးလိုက်တာလဲ ကြက်သီးတောင်ထတယ်၊ ငါ့ခံစားချက်တွေတောင်ဘယ်ရောက်သွားမှန်းမသိတော့ဘူး''

mileမျက်နှာအီလည်လည်နဲ့ စိတ်ဆင်းရဲတဲ့ရုပ်ဖြစ်သွားတာကို zeeကအော်ရယ်သည်။

''စတာပါကွာ.. မင်းကငါ့နာမည်ခေါ်ပြီး အစမရှိပြောလာတာကိုးကွ နေပါဦး မင်းကချစ်မိနေပြီဟုတ်လား ငါထီပြေးထိုးရတော့မလား mile''

''ငါ့မှာလဲနှလုံးသားနဲ့ပါ ချစ်တတ်တယ်၊ ငါကလေးကိုချစ်မိနေတာကြာပြီကွ''

ကလေးကြောင့် Where stories live. Discover now