Part - 14

741 62 36
                                    

🍅ကလေးကြောင့်🍅
🤍MileApo🤎

''ကလေးနဲ့သူက ဘယ်တုန်းကအဆက်အသွယ်ရနေကြတာလဲ''

''လွန်ခဲ့တဲ့ လေးရက်လောက်ကပါ.. poသူနဲ့အမှတ်မထင်တွေ့တာ၊ ဒီနေ့လဲကမ္ဘာလုံးနဲ့ဆံပင်သွားညှပ်တာ သူနောက်ကလိုက်လာမှန်း poတကယ်မသိဘူးကိုကို''

''ဒါဆို ဟိုနေ့ကဖုန်းဆက်တာလဲသူပေါ့''

''ဟုတ်''

''ကလေးနားတော့လေ ကိုကိုလဲပင်ပန်းနေလို့နားတော့မယ်''

ကိုကိုက poကိုစိတ်များဆိုးသွားတာလား။ ကိုကိုက neoကို ငယ်ကထဲက ကြည့်မရတာ၊  အခုလိုအိမ်ရှေ့ကြီးမှာ ယောက်ဖလို့ခေါ်ပြီး ကိုကို့ကိုအတင်းလက်ဆွဲနှုတ်ဆက်ကာ ပြန်သွားတဲ့neoက ကိုကို့အပေါ်နည်းနည်းမှလေးစားမှုမရှိဘူးလို့ poထင်တယ်။ poကိုကို့ကို အားနာလွန်းလို့ ဘယ်လိုမျက်နှာပြရမလဲတောင်မသိ။ ဒါပေမဲ့ ကိုကိုက လူကြီးလူကောင်းပီပီ နှုတ်ဆက်ပေးခဲ့တယ်။ poကိုလဲ ဘာမှမမေး အရင်ကဆိုရင် သေချာစေ့စေ့ပေါက်ပေါက်မေးတတ်တဲ့ကိုကိုက အခုဘာမှအများကြီးမေးမသွားတာ ဘာလို့လဲ.. poကိုကိုမှဟုတ်ရဲ့လား။

''ဟင်း''

သက်ပြင်းချတိုင်းသာအသက်တကယ်တိုရင် သူ့အသက်ကသက်တမ်းတစ်ဝက်လောက်သာနေရလိမ့်မည်။ အလုပ်မှာလဲ အလုပ်မှာမို့သက်ပြင်းတွေချနေရတာ nodtကပင်မေးယူရတဲ့အထိ..

ငယ်ကထဲက စကားပြောရဲပြီးသူ့ကိုတောင် မျက်လုံးဆုံပြောရဲတဲ့အထိ ဒီကောင်လေးကအကြောက်အလန့်ကင်းမဲ့တယ်။ ကလေးနောက်ကိုလဲ အမြဲတကောက်ကောက်လိုက်လို့ ကျောင်းစာသင်ခန်းထဲအထိကိုယ်တိုင်လိုက်ပို့ပေးခဲ့ရတာ။ အမြဲအကြည့်နဲ့သတိပေးလဲ နောက်ဆုတ်မသွားဘဲ ပိုပိုပြီးဆိုးလာတာ။ ငယ်ငယ်တုန်းက ၁၅၊ ၁၆အရွယ်လေးမို့ သိပ်စိတ်မပူရပေမဲ့အခုချိန်မှာတော့ ထိုကောင်လေးကြောင့် ကလေးကိုစိတ်ပူရပြီ။

အခုတောင်အိမ်ထိလိုက်လာနေပြီ နောက်ဆိုဘယ်လိရှေ့ဆက်တိုးမလဲမသိနိုင်ပါ။ ကောင်လေးက သူ့အတွက်တော့ ဘာမှမဟုတ်ဘူးဆိုပေမဲ့လဲ လျော့တွက်လို့မရ.. ကိုယ်က ကလေးဘေးအနီးကပ်နေရသူဆိုပေမဲ့ အစ်ကိုဆိုတဲ့နေရာကနေအခုထိဖွင့်ပြောဖို့ လမ်းစရှာမရတဲ့သူ။
ကလေးနဲ့ပတ်သက်လို့ စိုးရိမ်စိတ်တွေတလိမ့်လိမ့်တက်လာသည်။

ကလေးကြောင့် Where stories live. Discover now