💚ကလေးကြောင့်💛
🤍MileApo🤎''ကိုကို ကိုကို.. ကိုကိုလို့ ထတော့''
သူများတွေလို ph alarmအသံမဟုတ်ဘဲ မနက်ခင်းရဲ့အသံချိုချိုလေးကြောင့် mileအိပ်ရာကနိုးလာခဲ့သည်။
မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့မျက်နှာလှလှလေးက မနက်ခင်းရဲ့ဖူးပွင့်စပန်းလေးလို.. ရေပါချိုးထားပုံရကာ ဘာမှမလိမ်းထားတဲ့မျက်နှာလှလှလေးက သူ့အတွက်တော့ဘာနဲ့မှမယှဥ်နိုင်တဲ့အလှတရား။
''ကိုကို နိုးနေရင်လည်းထတော့လေ''
''မထချင်သေးဘူး ခဏလောက်အိပ်ဦးမယ် လာခဲ့''
mileအိပ်နေရာကမထဘဲ ခုတင်ဘေးကpoလက်ကိုဆွဲခေါ်လိုက်ပြီး သူ့ရင်ဘတ်ပေါ်လာအိပ်ဖို့ပြောသည်။
poမလာဘဲပေကပ်ကပ်လုပ်နေ၍ mileကအိပ်နေရာမှကုန်းထကာ poခါးကနေဆွဲဖက်ပြီးသူပါလဲအိပ်လိုက်တော့သည်။mileကိုယ်ပေါ်ထပ်ရက်လေးကျနေတဲ့poက ပြောမနိုင်တဲ့ပုံနဲ့ခေါင်းခါပြီး ငြိမ်နေပေးလိုက်တော့သည်။
''ကလေး''
''ဟင်''
''ကလေးမွေးပေး''
poက mileရင်ဘတ်ကြီးကိုအားနဲ့ရိုက်ချလိုက်သည်။
''အ နာလိုက်တာကွာ.. အကြီးကိုအနိုင်ကျင့်နေတာ''
''ကိုကိုကကော ဘာလို့ပေါက်ကရတွေပြောနေသေးလဲ''
ယောကျာ်းလေးဖြစ်တဲ့သူက ကလေးဘယ်လိုမွေးရမှာလဲ..ကိုယ်ကမိန်းကလေးဆိုရင်လည်း သားသားလေးယူမလား။ မီးမီးလေးယူမလားဆိုပြီးပြောလို့ရသေး။
အမှန်တိုင်းပြောရရင် poကိုကို့အတွက် ကလေးမွေးပေးနိုင်တဲ့သူဖြစ်ချင်မိတယ်။ ကလေးချစ်တတ်တဲ့ကိုကို့အတွက် poကဖြည့်ဆည်းမပေးနိုင်ဘူး။
''ကလေး ကိုကိုကစတာပါကွာ လျှောက်တွေးပြီးဝမ်းနည်းမနေနဲ့၊ ကိုကို့အတွက်က ကလေးရှိရင်ပြည့်စုံပြီ.''
''ကိုကို တကယ်ကလေးလေးလိုချင်လို့ poကိုပြောတာမလား''
''ကလေးလေးက မထူးလဲကိုကို့မှာရှိနေတာဘဲလေ.. မင်းက ကိုကို့အတွက်ကလေးတစ်ယောက်နဲ့နေရသလိုဘဲ၊ ကိုကို့အတွက်အမြဲကလေးလေးဘဲ ဟောပြီးတော့ ယောက်ဖလေးကလဲငယ်သေးတော့ ကိုကို့အတွက်သားလိုပါဘဲကွာ''