Part62(uni. Zawgyi)

2.1K 63 20
                                    

Uni

နက်ကလေ အရင်တည်းက ကလေးဆန်မှန်းသိပေမယ့်

အဲ့လောက်ထိ ချစ်စရာကောင်းလောက်အောင်ကလေးဆန်မှန်းမသိခဲ့တာ ခန့်တော်တော်တုံးတာပဲ

ခုလည်းကြည့် ညရောက်နေပြီ ရေမချိုးရသေးဘူး

တစ်နေကုန်ခြံထဲလျှောက်ဆော့ထားတာလဲပေပွနေရောပဲ ခန့်တင်မကဘူး

ကြီးမြလည်းမနေရ

သူမနဲ့တူတူ
ပန်းပင်စိုက်နေတာတဲ့

ခြံက ပုံမှန်တောင်ကြီးမြစိုက်ထားတဲ့ ပန်းပင်တွေနဲ့ အပြည့်ကို

နက်ကပါ အပူပိုင်းဆူးပင်တွေစိုက်ချင်လို့ဆိုပြီး ပူဆာတာနဲ့
ပျိုးပင်ဆိုင်မှာ သွားဝယ် ပြီးတော့
ခေါင်းရင်းဘက်က သစ်ခွခြံနားမှာ နောက်ထက် ခြံတစ်ခုထပ်လုပ်ရတာပေါ့

သူလိုချင်တာရတော့ နက်မျက်နှာလေးက လန်းပြီးပျော်နေတာ

တခြံလုံးလဲသူ့အသံကြီးပဲ ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့မို့
ခန့်မှာ အသဲအသန်လိုက်ဆွဲနေရတယ်

မတော့လို့ ဗိုက်ထဲက ကလေးလေးထိမိရင် ရင်ကျိုးရမှာလေ

ဒါတောင် နက်က အပူပိုင်းအပင်တွေ အများကြီးဝယ်လာတာအပြင်ကို

လိမ္မော်ပင်သေးသေးတွေ ပန်းသီးပင်သေးသေးတွေပါဝယ်လာတော့ ခြံထဲ စိုက်စရာနေရာ သေချာချရတာမို့ ညနေစောင်းမှာ သုံးယောက်လုံး မောလို့

ထမင်းစားတဲ့ချိန်ရောက်တော့ ထမင်းစားခန်းထဲကိုကိုဝင်မလာနဲ့တဲ့လေ

သူနဲ့ကြီးမြပဲစားမှာတဲ့ ကြည့်ရတာခန်နဲ့တူတူထမင်းထိုင်စားဖို့ အဆင်မပြေသေးဘူးထင်တယ် စားပြီးတော့

"ကဲ နက် လာတော့ကွာ ရေမိုးချိုးပြီးအိပ်တော့နော် "

ခန့်ပြောလိုက်တော့ ခေါင်းလေးငြိမ့်ကာ ဘောက်စက်ဘောက်စက်နဲ့ အိမ်ပေါ်တက်သွားတဲ့ ကလေးပေါက်စနောက်ကိုကြည့်ကာ ပန်းကန်တွေသိမ်းနေတုန်း
"သားခန့် "

ကြီးမြက လက်မောင်းကိုလာဆွဲတာကြောင့်

"ဗျာ ကြီးမြ "

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now