အခန်း - ( ၂ ) အဲ့ဒါက ငါ့မောင်ရားထက်ပို ခွန်အားကြီးတာလား ?
ရှုရှောင်ဟွေးမှာ သူနှင့် အတူယူလာစရာပစ္စည်း များများစားစားတော့မရှိပေ။နံရံတစ်လျှောက်သွားပြီး ပစ္စည်းအသေးလေးတွေနဲ့ အရေးပေါ်စားစရာတွေကို သူ့ရဲ့နေရာလွတ်အိတ်လေးထဲ ထည့်လိုက်သည်။
ခဏစဉ်းစားပြီးတဲ့အခါမှာတော့ ရှုရှောင်ဟွေးဟာ လက်ပစ်ဗုံးနှစ်လုံးနဲ့ ရိုင်ဖယ်တစ်လက်ပါထည့်ဖို့ဆုံးဖြတ်လိုက်တော့၏။ဂိုထောင်ထဲက ခဲယမ်းမီးကျောက်တစ်ချို့လည်းပါတာပေါ့။
ထုပ်ပိုးပြီးတော့ သူ့ရဲ့ ပါးဖောင်းဖောင်းလေးတွေကို လက်လေးနဲ့ ထိကြည့်လိုက်တဲ့အခါမှာ သူသိလိုက်တာကတော့ နေရာလွတ်အိတ်လေးထဲမှာက ပစ္စည်းတွေအပြည့်ထည့်ထားပြီးသူက အဲ့ဒါကို ခံစားမိနေတယ်ဆိုပေမယ့်လည်း နည်းနည်းမှ မသက်မသာဖြစ်တာတွေ လေးလံတာတွေမဖြစ်ဘူးဆိုတာပါပဲ။
ပုံမှန်ကတော့ ရှုရှောင်ဟွေးအနေနဲ့ သူ့ဘာသာ Z မြို့တော်ကို လမ်းလျှောက်သွားဖို့ ဘယ်လိုမှ မဖြစ်နိုင်ပေ။ခရီးက ရှည်လျားကြမ်းတမ်းပြီး ဘယ်လိုမှကို သွားလို့မဖြစ်တာ။
ဒါကြောင့် သူသည် လီချီထျန်းနှင့် ဖန်တုံနောက်သာ ဂရုတစိုက်လိုက်သွားလိုက်သည်။သူတို့သတင်းအချက်အလက်ကောင်းကောင်းရနိုင်တယ်ဆိုကတည်းက သူတို့နဲ့အတူခရီးသွားမယ့် အဖွဲ့ကိုလည်း သေချာပေါက်ရှာနိုင်မှာပဲလေ။
ရှုရှောင်ဟွေးသူတို့ကို ရှာတွေ့ချိန်မှာ လီချီထျန်းက ပါးစပ်ထဲ စီးကရက်တစ်လိပ်ကိုခဲလျက်သား အသံနိမ့်နိမ့်နှင့်ပြောနေတာကို ကြားလိုက်သည်။ " ကားဆယ်စီးကမလောက်ဘူး ၊ လမ်းမှာ နည်းနည်းထပ်ရှာသွားမယ်။အခုအဓိကဉီးစားပေးက အစားအသောက်နဲ့ လက်နက်တွေယူလာဖို့ပဲ ၊ လူတွေ ကားပေါ်မှာလိုက်မစီးပဲ ဘေးကနေ ပြေးလိုက်လို့ရတယ် "
ဖန်တုံက ပြန်ဖြေလာ၏။ " အကိုလီ ဒါဆို ကျွန်တော်တို့က စွမ်းရည်ရှိတဲ့သူတွေနဲ့ သေနတ်ကိုင်အတွေ့အကြုံရှိတဲ့သူတွေကို ရွေးခေါ်လာရမှာလား ? "
လီချီထျန်း အငွေ့တွေကို ရှိုက်လိုက်ပြီး ဆေးလိပ်ကို တွေ့ကရာနေရာ တောက်ထုတ်လိုက်သည်။ထိုစီးကရက်အစီခံမှာ ဗုံးခိုကျင်းမျက်နှာကြက်တွင် ကျည်ဆန်တစ်ခုလို သွားစိုက်နေ၏။
YOU ARE READING
ပေါက်ကွဲတတ်သောအိမ်မွေးဟမ်းစတားလေး(ဘာသာပြန်)
FantasyBoth Unicode and Zawgyi ကမ္ဘာကြီးကို ဂြိုလ်သားတွေရဲ့ကျူးကျော်တာခံရပြီးနောက်အစွမ်းတွေနိုးထ လာခဲ့ကြတယ်။အစွမ်းရှိတဲ့လူတွေက အစွမ်းရှိတဲ့တိရိစ္ဆာန်တွေနဲ့ ပေါင်းစပ်တိုက်ခိုက်ရင် စွမ်းရည်နှစ်ဆတိုးတာပေါ့။ရှုရှောင်ဟွေးကတော့ စွမ်းအင်ပြောင်းလို့မရတဲ့ မီးခိုးရေ...