အပိုင်း (42) - Zawgyi

390 22 0
                                    

           အခန်း (၄၂) - ကလူ၏သို့ မြှူ၏သို့သော အိပ်ပျော်သည့်အနေအထား

       ပါမောက္ခဝေ့သည် ဟမ်းစတားလေးကို မလှည့်စားနိုင်လိုက်ကြောင်း မြင်သောအခါ နှမျောမိသွားသည်။

       ချန်ချန်းသိုသည် သူ့အိတ်ကပ်ထဲသို့ စိတ်ပျက်နေသောပုံစံလေးနှင့် ကျုံ့ကျုံ့ကလေးဝင်သွားသော ဟမ်းစတားလုံးလေးကို နှစ်သိမ့်ရန် သူ့လက်ချောင်းအရွယ်လောက်သာရှိသည့် သေးငယ်သော သတ္တုဟမ်းစတားရုပ်လေးကို အိတ်ကပ်ထဲ တိုက်ရိုက်ထည့်ပေးလိုက်၏။

       ရှုရှောင်ဟွေး သည် သူ့ရှေ့သို့ လိမ့်ဆင်းလာသော သံမဏိ ဟမ်းစတား လုံးလုံးလေးကိုကြည့်ကာ လက်ဖဝါးလေးတွေ ဆန့်ထုတ်ပြီး ကောက်ကိုင်လိုက်သည်။

      ဒင်္ဂါးပြားပုံသဏ္ဍာန် ထွင်းထုထားသော ဟမ်းစတားရုပ်လေးသည် သေနတ်သေးသေးလေးကို ကိုင်ဆောင်ထားပြီး မျက်လုံးသေးသေးလေးများဖြင့် ရှေ့တည့်တည့်ကို ချိန်ရွယ်ထားလေ၏။

     ဒါလေးက သူ့ရဲ့ပုံတူလေး ဖြစ်သော်လည်း သူ့ထက်တော့ နှစ်ဆလောက် သေးငယ်ပေသည်။

    ရှုရှောင်ဟွေး ဟမ်းစတားရုပ်လုံးလုံးလေးကို ကောက်ယူပြီး နေရာလွတ်ထဲသို့ ထည့်လိုက်တော့သည်။

     မထင်မှတ်ထားစွာဖြင့် သူဟမ်းစတားရုပ်လေးကို နေရာလွတ်ထဲ ထည့်လိုက်ပြီးချိန်မှာပဲ တစ်စုံတစ်သိုက ဘောလုံးလေးတစ်လုံးလို အိပ်ပျော်နေသည့် သတ္တုဟမ်းစတားရုပ်လေးကို ထည့်ပေးလာပြန်၏။

    ရှုရှောင်ဟွေး လက်ဖဝါးလေးတွေဆန့်ကာဖြင့် ကောက်ကိုင်လိုက်ပြန်သည်။

     မြင်မြင်ချင်းမှာတော့ ဒါလေးက ဘောလုံးလေးလို ကွေးအိပ်နေတဲ့ ဟမ်စတားတစ်ကောင်ပဲ၊ အရမ်းဝိုင်းတဲ့ ဘောလုံး​လေးပေါ့။

     ဒါပေမယ့် ဒီဟမ်းစတားလေးကတော့ အနီးကပ်ကြည့်လေလေ သည်းမခံနိုင်တော့လေလေပဲ။

     ဘာလို့လဲဆိုတော့ ဒီရှုရှောင်ဟွေးက ပျော့ပျောင်းသောခါးလေးကိုကွေးညွတ်၍ မျက်လုံးလေးများကိုမှိတ်ထားကာ၊ ရှေ့လက်ဖဝါးလေးများက နောက်ခြေဖဝါးလေးများကို ပြန်ဖက်ထားပြီး သူ့ခေါင်းသေးသေးလေးသည် ဉဥလေးနှစ်ဥပေါ်ရှိ အမွှေးဖြူဖြူကလေးများကိုပင် ထိလုမတတ်... ဒါကိုတောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပဲတဲ့လေ !

ပေါက်ကွဲတတ်သောအိမ်မွေးဟမ်းစတားလေး(ဘာသာပြန်)Where stories live. Discover now