အခန်း (၄၀) - သတင်းအချက်အလက်ဌာန
သို့သော်လည်း ရှုရှောင်ဟွေး သည် တကယ်ပင် မောပန်းနေပြီဖြစ်သည်။ ချန်ချန်းသို က သူ့ကို ရေချိုးကန်ငယ်လေးထဲကို ထည့်ပေးလိုက်တဲ့အခါ သူ့ခြေဖဝါးလေးနှစ်ဖက်က ရေချိုးသဲလေးတွေကို အကြိမ်အနည်းငယ် ပွတ်သပ်လိုက်ပြီး သူ့ခေါင်းလေးကို ရေချိုးသဲတွေပေါ်မှာ တင်ထားကာ အိပ်ပျော်သွားတော့၏။
ချန်ချန်းသို သည် သူ့ဘာသာသူပဲ လုပ်ပေးရန်မှလွဲ၍ ရွေးချယ်စရာမရှိ၊ ရေချိုးသဲလေးတွေကို ယူပြီး ရှုရှောင်ဟွေး ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
အိပ်နေသော ဟမ်းစတားလုံးလေးသည် အိပ်ဖို့အနှောက်အယှက်ဖြစ်သွားတာကလွဲ၍ အလွန်ပျော့ပျောင်းနေပြီး၊ သူ့ခြေထောက်လေးများကို ရံဖန်ရံခါ ကန်ကျောက်ကာ လက်ချောင်းလေးများကို မသိစိတ်မှ ကိုက်မိနေသေး၏။
ဟမ်စတားလုံးလေးကို မိနစ်အနည်းငယ်ကြာ ပွတ်တိုက်ပေးပြီးနောက် နူးညံ့သောအမွေးများသည် သန့်ရှင်းခြောက်သွေ့သွားတော့သည်။
နောက်ဆုံးအကြိမ်တုန်းက ရှုရှောင်ဟွေး လည်ပင်းတွင် ကပ်နေသော ရေချိုးသဲအပိုင်းအစလေးကို စဉ်းစားရင်း ချန်ချန်းသို သည် သူ့လက်ချောင်းများဖြင့် ရှုရှောင်ဟွေးကိုကိုင်လိုက်ပြီး စတင်လှုပ်ခါပေးလာတော့၏။
သဲဖြူဖြူများသည် သူ့လက်ချောင်းများကြားမှ ပြုတ်ကျလာသည်။
ရှုရှောင်ဟွေးလေးသည် သူ့လက်ချောင်းများကြားတွင် ကောက်ညှင်းဆန်မုန့်လုံးလေးကဲ့သို့ ယမ်းခါနေပြီး ပိုမိုဝိုင်းစက်ကာ ပျော့ပျောင်းနေတော့၏။
ဤသို့ဖြစ်နေသည်မှာ ရှုရှောင်ဟွေး သည်းမခံနိုင်စွာ ထအော်လာသည်ထိပင်။ " ကျွိ ! "
ရပ်ပါတော့ ဆိုက်ကိုကောင်ကြီးရဲ့ !
ချန်ချန်းသိုသည် သူ့အိမ်မွေးစစ်သည်တော်လေးကို အမြဲထောက်ခံခဲ့သော်လည်း ဤတစ်ကြိမ်တွင်တော့ သူတကယ် နားမလည်ပေ။ သူကဘယ်လိုများ ဆိုက်ကိုကောင်ကြီး ဖြစ်သွားရတာလဲ ?
YOU ARE READING
ပေါက်ကွဲတတ်သောအိမ်မွေးဟမ်းစတားလေး(ဘာသာပြန်)
FantasyBoth Unicode and Zawgyi ကမ္ဘာကြီးကို ဂြိုလ်သားတွေရဲ့ကျူးကျော်တာခံရပြီးနောက်အစွမ်းတွေနိုးထ လာခဲ့ကြတယ်။အစွမ်းရှိတဲ့လူတွေက အစွမ်းရှိတဲ့တိရိစ္ဆာန်တွေနဲ့ ပေါင်းစပ်တိုက်ခိုက်ရင် စွမ်းရည်နှစ်ဆတိုးတာပေါ့။ရှုရှောင်ဟွေးကတော့ စွမ်းအင်ပြောင်းလို့မရတဲ့ မီးခိုးရေ...