အခန်း ( ၆ ) - ကောက်ညှင်းဖက်ထုပ်လုံးလေးလား ကြွက်ကိတ်မုန့်လား
ချန်ချန်းသိုက ရှီယွီ့ပုခုံးကိုပုတ်လိုက်သည်။ " မင်းကားအရင်သွားထုတ်ထားနှင့် "
ရှီယွီက လှည့်ထွက်မသွားခင် မြေအောက်ဂိုထောင်ထဲကလူတွေကို မျက်နှာသေနှင့် စိုက်ကြည့်သွားသေးသည်။ကြမ်းပြင်ပေါ်က မိချောင်းလည်း အမြှီးကိုယမ်းကာ ပါးစပ်ကြီးကိုပြန်ပိတ်ပြီး ရှီယွီ့နောက်က လိုက်ထွက်သွား၏။
ချန်ချန်းသိုက စက်သေနတ်ဆီမှ ကျည်ကဒ်ကိုဆွဲဖြုတ်ကာ လီဟွေးကိုကြည့်လိုက်သည်။ " မင်းလည်းသွား "
ရုတ်တရတ် လီဟွေးသည် ခုဏက ထိုလူတွေကို လှောင်ပြောင်လိုက်သောလူဆီသို့လေအလျင်နှင့်ရောက်သွား၏။လီဟွေးက ထိုလူ့ပုခုံးပေါ် လက်တင်ပြီး မေးလိုက်သည်။ " မင်းနာမည်ဘယ်လိုခေါ်လဲ ညီကို ? "
လူငယ်လေးက လီဟွေး၏ အမြန်နှုန်းကြောင့် လန့်သွားကာ သတိလက်လွတ်ဖြေလိုက်မိ၏။ " ရှန်းဘိုထောင် "
လီဟွေးက ထိုကောင်လေးပုခုံးကို ပုတ်ပေးကာ ပြောလိုက်သည်။ " ထောင်ထောင် ၊ ငါမင်းကိုအရမ်းသဘောကျတယ် ၊ မင်းမှာစွမ်းရည်ကောင်းတွေရှိတယ် ၊ မီးစွမ်းရည်က အတော်ရှားတာကွ ၊ မင်းအိမ်မွေးစစ်သည်တော်ကို ရှာတွေ့တဲ့အခါ ပိုတောင်အင်အားကြီးလာလိမ့်ဉီးမယ် ၊ နောက်ပြီး ဒီဂိုထောင်ထဲမှာလည်း ကားတွေအများကြီးရှိနေတာပဲ ၊ ရေဒီယိုချိတ်လို့ရတဲ့ ကားတစ်ချို့ကိုရှာပြီး သတင်းတွေနားထောင်လို့ရတယ် ၊ ပထမဆုံး ရေဒီယိုကနေ ပြောတဲ့ တည်နေရာတွေဆီသွား ၊ ပြီးရင် လေကြောင်းကူပစ္စည်းတွေရှာ ၊ ဒီလိုဆိုမင်းတို့ မြို့အသစ်ဆီ သွားနိုင်သွားလိမ့်မယ် "
ဘေးမှာနားထောင်နေကြတဲ့သူတွေဟာ ရှန်းဘိုထောင်ကို မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။
ချန်ချန်းသို သူ့မျက်လုံးတွေကို မှေးကျဉ်းလိုက်၏။သူတို့၏ အသက်ရှင်သန်လိုစိတ်ကိုက နားလည်ပေးလို့ရပါသေးသည်။သို့သော် သူများဂုတ်သွေးစုပ်ချင်နေသူတွေကတော့ သည်းမခံနိုင်စရာပင်။ချန်ချန်းသို သူ့ရဲ့ စက်သေနတ်ကိုချွတ်ကာ ရှန်းဘိုထောင်ဆိုသည့် လူငယ်လေးဆီ ပစ်ပေးလိုက်သည်။
YOU ARE READING
ပေါက်ကွဲတတ်သောအိမ်မွေးဟမ်းစတားလေး(ဘာသာပြန်)
FantasyBoth Unicode and Zawgyi ကမ္ဘာကြီးကို ဂြိုလ်သားတွေရဲ့ကျူးကျော်တာခံရပြီးနောက်အစွမ်းတွေနိုးထ လာခဲ့ကြတယ်။အစွမ်းရှိတဲ့လူတွေက အစွမ်းရှိတဲ့တိရိစ္ဆာန်တွေနဲ့ ပေါင်းစပ်တိုက်ခိုက်ရင် စွမ်းရည်နှစ်ဆတိုးတာပေါ့။ရှုရှောင်ဟွေးကတော့ စွမ်းအင်ပြောင်းလို့မရတဲ့ မီးခိုးရေ...