အပိုင်း (50) - Zawgyi

292 21 0
                                    

               အခန်း (၅၀) - ​သောက​ရောက်​နေ​သော ကပ္ပတိန်ချန်

          ထိုအချိန်တွင် စိတ်အေးလက်အေးဖြစ်နေသော ဗိုလ်ချုပ်ဖန်းသည် ခြံဝင်းငယ်လေးထဲတွင် လက်ဖက်ရည်ထိုင်သောက်နေလေသည်။ ဧရာမလိမ္မော်ရောင်အမွှေးလုံးကြီးသည် သူ့ဘေးတွင် ဝပ်နေပြီး ကက်တီတစ်ဝက်မျှရှိသော ငါးခြောက်ကို ပျော်ရွှင်စွာစားနေပေ၏။

         ဗိုလ်ချုပ်ဖန်းသည် မြို့တော်သစ်အပြင်ဘက်တွင် တည်ဆောက်ထားသည့် မြင့်မားသော သတ္တုမျှော်စင်ကြီးကို လှည့်ကြည့်ကာ ကမ္ဘာတုန်လောက်သော စွမ်းရည်တိုက်ပွဲကြီးတွေနှင့် ရုန်းရင်းဆန်ခတ်ဖြစ်နေသော ထိုနေရာကိုကြည့်ရင်း မတတ်နိုင်စွာဘဲ သက်ပြင်းချနေရတော့သည်။ “ လိမ္မော်ကြီး၊ ငါတို့မှာ အချိန်သိပ်မရှိတော့ဘူးဆိုပေမယ့် ဒါကလည်း အေးချမ်းတဲ့နှစ်တစ်မျိုးပဲနော်။ "

        လိမ္မော်ကြီးသည် နောက်ဆုံးငါးခြောက်ဖတ်ကို မျိုချလိုက်ပြီး ဗိုလ်ချုပ်ဖန်းရဲ့ခြေထောက်ကို ပွတ်သပ်ကာ နှာရှုံ့လိုက်သည်။

        ဗိုလ်ချုပ်ဖန်းက သူ့လက်ဖက်ရည်ကို သောက်ကာ လိမ္မော်ကြီးကို ငုံ့ကြည့်ပြီး စနောက်မလို့လုပ်လိုက်သော်လည်း သူ့ပါးစပ်ထဲက လက်ဖက်ရည်တွေကိုပါ ထွေးထုတ်မိလုမတတ် ဖြစ်သွားရတော့၏။

         လိမ္မော်ကြီးသည် အမွှေးထူထူမျက်နှာကြီးဖြင့် ဗိုလ်ချုပ်ဖန်းကို မော့ကြည့်လိုက်သည်။

         ဗိုလ်ချုပ်ဖန်းက လိမ္မော်ကြီးကို ကောက်ချီလိုက်ပြီး ခေါင်းကိုပွတ်ပေးရင်း မျက်မှောင်ကြုတ်လျက် မေးလာသည်။ " တစ်ခုခုတော့မှားနေတယ်လို့များ မင်းမထင်ဘူးလား ? "

           လိ​မ္မော်ကြီးကို အချိန်အတော်ကြာအောင် ဂရုတစိုက်ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် ဗိုလ်ချုပ်ဖန်းသည် ရုတ်တရတ် ပျော်နေရမည်လား စိတ်ပူနေရမည်လားပင်  မသိတော့ချေ။

           သူတို့အသက်ရှင်ဖို့ ရက်အနည်းငယ်သာ ကျန်တော့တဲ့ဟာကို ဘာကြောင့် ရုတ်တရက် အများကြီး တိုးလာတာလဲ၊ ဗိုလ်ချုပ်ဖန်းက သူ့ရဲ့အိုမင်းနေတဲ့မျက်လုံးတွေဟာ မူးများနေသလားလို့ သံသယဝင်လုနီးပါး ဖြစ်သွားရ၏။

ပေါက်ကွဲတတ်သောအိမ်မွေးဟမ်းစတားလေး(ဘာသာပြန်)Where stories live. Discover now