အပိုင်း - ( 5 ) Zawgyi

1K 79 3
                                    

အခန်း ( ၅ ) - ရှုရှောင်ဟွေး နည်းနည်းနားလည်ပါပြီနော်

         ကြောက်လန့်ပြီး စိတ်ရှုပ်နေသည့် လူအများစုဟာ မြေအောက်ခန်းဆီကို အပြေးအလွှားသွားကြလေ၏။စွမ်းအင်ရှိသောသူအချို့သာ ကျန်ခဲ့သည်။ပထမတော့ သူတို့တွေဟာ သိပ်မရဲရင့်ကြပေ။သူတို့ဟာ ချန်ချန်းသိုနောက်ကိုလိုက်ကာ သေခါနီးစက်တစ်ပိုင်းသားရဲကြီးတွေ ကျန်ခဲ့သည့် လက်နက်တွေကို လိုက်ကောက်ကြ၏။သူတို့အတူတကွ သတ်လိုက်ကြသည့် စက်တစ်ပိုင်းသားရဲကြီးတွေ၏ အရေအတွက် မြင့်တက်လာပြီးသည့် အခါမှာတော့ သူတို့ဟာအချို့ စက်တစ်ပိုင်းသားရဲကြီးတွေကို ကိုယ်တိုင်ကိုင်တွယ်လာကြတော့သည်။

     အနောက်ဘက်က အတော်လေး လုံခြုံတာကြောင့် ရှုရှောင်ဟွေးဟာ ဗရုတ်သုတ်ခဖြစ်နေသည့် လူအုပ်ကြီးနောက်လိုက်ပြီး မြေအောက်ဂိုထောင်ထဲ မဝင်သွားပေ။ထိုအစား သူဟာ ချန်ချန်းသိုကြောင့် ပျက်စီးသွားသည့် ကားဟောင်းတစ်စီးထဲတွင် ပုန်းနေပြီး ခေါင်းလေးဆန့်ထုတ်ကာ အပြင်ကိုချောင်းကြည့်လိုက်၏။

     ရှုရှောင်ဟွေးဟာ ထိုမျှ စိတ်ကျေနပ်ဖွယ်​ကောင်းသည့်မြင်ကွင်းမျိုးမမြင်ဖူးပေ။စွမ်းအင်ရှိသည့်သူတွေ၏ မျက်လုံးထဲတွင် ထိုသားရဲကြီးတွေဟာ ဘာမှမဟုတ်တော့။

     ချန်ချန်းသိုတစ်ယောက်ထဲကပင် ထိုစက်တစ်ပိုင်းသားရဲကြီးများ၏ တစ်ဝက်လောက်ကို ရှင်းပစ်နိုင်နေပြီ။

    ထိုမြင်ကွင်းကိုကြည့်ပြီး ရှုရှောင်ဟွေး၏ နှလုံးသားက ဆူပွက်နေသည်။သူစိတ်လှုပ်ရှားသည့်အခါ သူ့ရဲ့လက်သေးသေးလေးနှစ်ဖက်ကို တစ်ဖက်နှင့်တစ်ဖက်ဆုပ်ကိုင်ထားပြီး အနည်းငယ် တုန်ရီနေတတ်၏။အိုး...သူတကယ်ပဲ  သူ့လက်သည်းလေးတွေကို ဝှေ့ယမ်းပြီး ထိုအကောင်ကြီးတွေကို ကုတ်ခြစ်ပစ်လိုက်ချင်လိုက်တာ !

    သို့သော်လည်း ရှုရှောင်ဟွေးဟာ ဆယ်ပြားစိလောက်တောင်မကြီးသည့် သူ့လက်ကလေးတွေကို ငုံ့ကြည့်လိုက်သည်။သူ အပ်တိုလေးတစ်ချောင်းနှင့်သာ တိုက်ခိုက်နိုင်လောက်မည့်အချက်ကတော့ ဝမ်းနည်းစရာပဲ။

     လီချီထျန်းဟာ သူ့ရဲ့ယာဉ်တန်းနှင့် သိပ်အဝေးကြီးမပြေးသလို စက်တစ်ပိုင်းသားရဲကြီးတွေအများကြီး၏ အာရုံကိုလည်း သိပ်မဆွဲဆောင်နိုင်ခဲ့ပေ။ထို့ကြောင့် တိုက်ပွဲပြီးသည့်အခါမှာ ထိုအကောင်တွေကို သူ့ဘာသာ အားလုံးရှင်းပစ်လိုက်နိုင်လေသည်။

ပေါက်ကွဲတတ်သောအိမ်မွေးဟမ်းစတားလေး(ဘာသာပြန်)Where stories live. Discover now