အခန်း ( ၃၇ ) - ဟမ်းစတားလုံးလေးနှင့် ကြောင်ပန်ကိတ်
ရှုရှောင်ဟွေး ထိုသို့ပြောလိုက်စဥ်မှာပဲ လိမ္မော်ရောင် ကြောင်ဝတုတ်ကြီးဟာ ရုတ်တရတ်ကြီး သူ့ခေါင်းကို မော့လိုက်ကာ ပယင်းရောင်မျက်လုံးတစ်စုံက ရှုရှောင်ဟွေးကို ကြည့်၍လက်ဖဝါးထူထူတွေကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။
ဒါကို ရှုရှောင်ဟွေးမြင်တော့ အတုန်တုန်အယင်ယင်နှင့် လှစ်ကနဲ အိတ်ကပ်ထဲ ဝင်ပြေးတော့၏။
ဗိုလ်ချုပ်ဖန်းက ကြောင်ကိုချီကာ ပွတ်သပ်ပေးလိုက်သည်။ " လိမ္မော်ကြီး ၊ ဒီနေ့ကတော့ ငါးကင်ကွ ၊ ရှောင်သို့ ငါးကင်က တကယ်အရသာရှိတာ ''
ရှုရှောင်ဟွေးက အပြင်ဘက်ရှိ လိမ္မော်ရောင်ကြောင်ကြီး ငါးကင်စားနေတဲ့အသံကိုနားထောင်ရင်း တဖြည်းဖြည်း စိတ်ငြိမ်သွားကာ အပြင်ကို ဂရုတစိုက်နှင့် လှမ်းကြည့်လိုက်၏။
ချန်ချန်းသိုက သူ့ခေါင်းလေးကို လှမ်းပုတ်လိုက်သည်။ " မကြောက်နဲ့နော် ၊ ဗိုလ်ချုပ်မွေးထားတဲ့ လိမ္မော်ကြီးက ခုထိ ကြွက်စားတာမျိုး မရှိဖူးသေးဘူး ''
" .......... ''
ရှုရှောင်ဟွေးက ငါးကင်စားနေသည့် ကြောင်ကြီးကို တိတ်တိတ်လေး တစ်ချက်လှမ်းကြည့်လိုက်၏။သူက ကြွက်မစားဖူးသေးဘူးဆိုပေမယ့် အဲ့ဒါနဲ့ပဲ ဟမ်းစတားပါ မစားတော့ဘူးလို့မှ မဆိုလိုတာ...
" ဗိုလ်ချုပ်ပြောတာက ကြောင်က တစ်ခုခုဖြစ်နေတယ်ဆို? '' ချန်ချန်းသိုက ငါးဆက်ကင်နေရင်း ခရမ်းရောင် ဂေါ်ဖီအချို့ကို ခြွေကာ အပိုင်းသေးလေးတစ်ခုဖဲ့ပြီး ရှုရှောင်ဟွေးကို လှမ်းပေးလိုက်သည်။
ရှုရှောင်ဟွေးက သတိလက်လွတ်နဲ့ပဲ လှမ်းယူကာ တစ်ကိုက် ကိုက်လိုက်ပြီးမှ ခါးတူးနေသည့် ထိုအရာကြီးကို လွှတ်ပစ်လိုက်တော့၏။
" ကျွိ ''
ကြောင်လိမ္မော်ရောင်ကြီး၏ ခေါင်းပေါ်မှ မြူထုက မိုးရွာချတော့မတတ် ပိုမိုထူထဲလာသည်။
ချန်ချန်းသိုက မျက်မှောင်ကြုံ့လိုက်ပြီး ခုလေးတင် လတ်လတ်ဆတ်ဆတ်ကင်ထားသည့် ငါးကင်များကိုယူပြီး ဗိုလ်ချုပ်ဖန်းဘေးနား လျှောက်သွားလိုက်၏။
YOU ARE READING
ပေါက်ကွဲတတ်သောအိမ်မွေးဟမ်းစတားလေး(ဘာသာပြန်)
FantasyBoth Unicode and Zawgyi ကမ္ဘာကြီးကို ဂြိုလ်သားတွေရဲ့ကျူးကျော်တာခံရပြီးနောက်အစွမ်းတွေနိုးထ လာခဲ့ကြတယ်။အစွမ်းရှိတဲ့လူတွေက အစွမ်းရှိတဲ့တိရိစ္ဆာန်တွေနဲ့ ပေါင်းစပ်တိုက်ခိုက်ရင် စွမ်းရည်နှစ်ဆတိုးတာပေါ့။ရှုရှောင်ဟွေးကတော့ စွမ်းအင်ပြောင်းလို့မရတဲ့ မီးခိုးရေ...