အပိုင်း - ( 27 ) {1} Unicode

2K 476 7
                                    

အခန်း ( ၂၇ ) { ၁ } - သရီးအင်ဝမ်း

       ချန်ချန်းသိုကာ သူ့စိတ်ထဲမှာ အကြမ်းဖျင်းအစီအစဥ်ဆွဲလိုက်ပြီးနောက် ဝလွန်းတယ်လို့ အပြောခံရတာကြောင့် သူ့လက်လက်ဖဝါးပေါ်မှာပတ်ပြေးနေသော ဟမ်းစတားလေးကို ချော့လိုက်သည်။ " မင်းက မဝပါဘူး ၊ အမွှေးထူရုံလေးပါပဲ "

      " ကျွိ ! "

      ပါမောက္ခဝေ့ကမှ ကျွန်တော့်ထက် အဆတစ်ထောင်လောက် ဝတာ !

      ချန်ချန်းသို ပြုံးလိုက်ပြီး ရှုရှောင်ဟွေး ခါးလေးကို လက်ညှိုးနှင့် တို့လိုက်၏။ဟမ်းစတားလေးဟာ ခါးပေါ်ရော ခါးအောက်ရော အတို့ခံရပြီး သူ့ရှေ့လက်ဖဝါးလေးတွေကို ဒေါသတကြီးမြှောက်ကာ ချန်ချန်းသို လက်ဖဝါးပေါ်မှာ ခြေကို ဆောင့်လိုက်သည်။ခင်ဗျားက အရမ်းစိတ်တိုဖို့ကောင်းတာပဲ !

     ချန်ချန်းသိုက ရှုရှောင်ဟွေးခေါင်းပေါ်က အပြာရောင် သုတ်ဆေးတွေကို ကြည့်လိုက်သည်။သူက ရှုရှောင်ဟွေး ခါးလေးကို ကိုင်ထားကာ ဂွမ်းလုံးကို ရေစွတ်ပြီး ရှုရှောင်ဟွေး ခေါင်းပေါ်နှင့် ပါးပြင်လေးတွေပေါ်မှာ ရှိနေသေးသော အပြာရောင်ဆေးတွေကို ဂရုတစိုက် သုတ်ပေးနေ၏။ထို့နောက် ​ရေစုပ်သော ​ပိတ်ကျဲစဖြင့် ခြောက်အောင် သုတ်ပေးလိုက်သည်။

     ရှုရှောင်ဟွေးက ချန်းချန်းသို လက်ဖဝါးပေါ်မှာ လှဲကာ ခေါင်းကို လှည့်ထား၏။

     ရှုရှောင်ဟွေးကို ခြောက်သွေ့အောင် လုပ်ပေးပြီးနောက် ချန်ချန်းသိုက ရှုရှောင်ဟွေး၏ နူးညံ့သော ဗိုက်သားပြင်လေးကို လက်မနှင့် ပွတ်သပ်ပေးကာ ဆောင့်ကြောင့်ထိုင်ချပြီး သူ့လက်ဖဝါးကို မြေပြင်နှင့် နီးကပ်အောင် နှိမ့်ချပေးလိုက်သည်။ " ထပ်စစ်စရာမလိုတော့ဘူးဆိုတော့ ပစ္စည်းတွေပြန်သိမ်းလို့ရပြီနော် "

    ရှုရှောင်ဟွေးက ချန်ချန်းသို လက်ဖဝါးပေါ်ကနေ မနည်းထကာ တွားဆင်းပြီး သူ့လက်ဖဝါးလေးများကို ပစ္စည်းတွေဆီ ချိန်ရွယ်ဆန့်တန်းလိုက်၏။

     ရှုရှောင်ဟွေးက သူ့ပစ္စည်းတွေသူ သိမ်းနေတုန်း ချန်ချန်းသိုက ပါမောက္ခဝေ့ကို ကြည့်ပြီး တခြားတစ်နေရာကို မေးငေါ့ပြလိုက်သည်။သူက ပါမောက္ခဝေ့နှင့် သီးသန့်စကားပြောချင်တာဖြစ်၏။

ပေါက်ကွဲတတ်သောအိမ်မွေးဟမ်းစတားလေး(ဘာသာပြန်)Where stories live. Discover now