အပိုင်း (46) - Zawgyi

242 20 1
                                    

                အခန်း (၄၆) - လမ်း​လျှောက်ထွက်ခြင်း

       ရှု​ရှောင်​ဟွေးသည် ချန်ချန်းသို ကို သံသယဖြင့် ကြည့်လိုက်မိသည်။ သူအနားကပ် လာသောအခါတွင် ခပ်ဖျော့ဖျော့ သင်းပျံ့သော ဆပ်ပြာရနံ့တစ်ခုကို ရလိုက်၏။ " ကျွိ ? "

       ခင်ဗျား ကျွန်တော့်ကို ပြောစရာ တစ်ခုခုမရှိဘူးလား ?

         ချန်ချန်းသိုက တည်ငြိမ်စွာခေါင်းခါပြီး ဖြေလိုက်သည်။ " မရှိပါဘူးကွာ၊ ကိုယ်အပြင်ထွက်ပြီး မင်းအတွက် ပဲစေ့ကြော်ပေးဖို့ နေရာသွားရှာနေတာ "

        ပဲစေ့ကြော်ဖို့ စစ်ဗိုလ်ချုပ်ဝတ်စုံဝတ်ထားတယ်ပေါ့လေ ?

        ရှု​ရှောင်​ဟွေးသည် ချန်ချန်းသိုကို သံသယဖြစ်စွာ ကြည့်လိုက်သည်။

       ချန်ချန်းသိုက ဦးထုပ်အစွန်းကို ကိုင်ပြီး မျက်ခုံးပင့်ကာ ထပ်မေးလိုက်၏။ " မင်းသွားချင်လား ? "

      ချန်ချန်းသို လက်ဖဝါးပေါ်တွင် ထိုင်နေသော ဟမ်းစတားလုံးသည် ခဏမျှ အေးခဲသွားပြီးမှ ထုံထိုင်းစွာ ခေါင်းညိတ်လိုက်တော့သည်။

         ကျွိ... ဒီနေ့မှ ချန်ချန်းသိုတစ်ယောက် ထူးထူးခြားခြား ပိုအလိုလိုက်နေသလိုပဲ...

     ချန်ချန်းသိုက ရင်ဘတ်ကအိတ်ကပ်ကို လက်တစ်ဖက်ဖြင့် ကြယ်သီးဖြုတ်ပြီး ရှု​ရှောင်​ဟွေးကို ထည့်လိုက်သည်။

       ထို့နောက် တောက်ပြောင်သော စစ်ဖိနပ်များကို နင်း၍ တဲထဲမှ ထွက်လာခဲ့လိုက်၏။

       လီ​ဟွေး နှင့်ဆိုပင်း သည် မီးပုံဘေးတွင် ဆောင့်ကြောင့်ထိုင်လျက်သား။ ချန်ချန်းသို တဲနောက်မှာ အဝတ်အစားတွေလဲနေတုန်းက သူတို့ဟာ သရဲနဲ့ တွေ့နေသလို အခြေအနေဖြစ်သွားခဲ့ကြရသည်။

        သူတို့ ချန်ချန်းသိုနောက် လိုက်ခဲ့သည့်အချိန်ကာလမှာလည်း တိုတောင်းသည်မဟုတ်တော့ပေ။ သို့သော်လည်း ချန်ချန်းသို ထိုကဲ့သို့သော အဝတ်အစားများ ဝတ်ထားတာကို မြင်ရသည့်အကြိမ်အရေအတွက်မှာ သုံးကြိမ်ပင်မရှိချေ။

         ဆိုပင်းသည် လီ​ဟွေးပုခုံးကို ပုတ်ကာ အားပေးလိုက်၏။ " မင်း သူ့အတွက် ဒီလိုအဝတ်အစားတွေတောင် ရှာတွေ့လာသေးတာပဲ သတ္တိရှိချက်ပဲကွာ ! "

ပေါက်ကွဲတတ်သောအိမ်မွေးဟမ်းစတားလေး(ဘာသာပြန်)Where stories live. Discover now