အခန်း ( ၇ ) - တူသံလေးတချပ်ချပ်
ချန်ချန်းသိုဟာ မျက်နှာကြက်ပြားများပေါ်တက်နင်းပြီး လက်ဆန့်ကာ ကောက်ညှင်းဖက်ထုပ်လုံးသေးသေးလေးကိုကြည့်လိုက်သည်။သူသည် နောက်လက်တစ်ဖက်ကိုဆန့်ထုတ်ကာ သူ့ရဲ့ သတ္တုစွမ်းရည်ကိုသုံးပြီး သတ္တုတူတစ်ခုလုပ်လိုက်၏။(ထမင်းစားတူ)သူက တူနှင့် ကောက်ညှင်းဖက်ထုပ်လုံးလေးကို နည်းနည်းတို့ကြည့်ပြီးနောက် တူကြားထဲညှပ်လိုက်သည်။
ကောက်ညှင်းဖက်ထုပ်လုံးလေးက တကယ့်ကို နူးနူးညံ့ညံ့ ချောချောမွေ့မွေ့လေး။သူက သူ့မျက်လုံးနက်နက်လေးတွေနှင့် လူတွေကို ပြန်စိုက်ကြည့်နေလိုက်သေးသည်။တကယ့်ကောက်ညှင်းဖက်ထုပ်လုံး အစစ်တွေတောင် သူလေးလောက်စိတ်ဝင်စားဖို့ကောင်းမှာမဟုတ်ဘူး။
ခါးကနေ ညှပ်ခံထားရသော ရှုရှောင်ဟွေးမှာတော့ ကြောင်အ'နေတော့သည်။သူဟာ ချန်ချန်းသိုကို သူမျက်လုံးနက်နက်လေးနှစ်ခုနှင့် ကြည့်လိုက်၏။သူ့ပါးလေးတွေကို ထိုလူက လာတို့နေတာကြောင့် သူ့ဟမ်းစတားနှုတ်ခမ်းမွှေးလေးတွေပင် ထိန်းမရအောင် လှုပ်သွားသည်။ဒီလူက သူတွေ့ဖူးတာနှင့် နည်းနည်းကွာနေသလိုပဲ။သူ့ကိုကြည့်ရတာ ခုလိုလိုက်ကလိနေရတာကို ကြိုက်နေသလိုဖြစ်မနေဘူးလား ?!
ခေါင်းလေးစောင်းနေသည့် ဟမ်းစတားလေးကိုကြည့်ပြီး ချန်ချန်းသို၏ နှုတ်ခမ်းထောင့်စွန်းတွေက အနည်းငယ် ကော့တက်သွားသည်။သူ့ရဲ့ အိမ်မွေးစစ်သည်တော်လေးက သူထင်ထားတာနဲ့ နည်းနည်းကွာနေပေမယ့်လည်း အိမ်မွေးစစ်သည်တော်တိုင်းက ကြမ်းကြုတ်တဲ့သားရဲကောင်ကြီးတွေပဲ ဖြစ်နေရမယ်လို့ ဘယ်သူပြောလဲ ?ချန်ချန်းသိုကိုယ်တိုင်ကိုက စက်တစ်ပိုင်းသားရဲကြီးတွေကို ရှင်းပစ်ရန် အိမ်မွေးစစ်သည်တော်၏ အကူအညီကို ယူစရာမလိုပေ။
လှုပ်ရှားမှုတွေငြိမ်သက်သွားတဲ့အခါမှာတော့ လူသုံးယောက်ဟာ ဖက်ထုပ်လုံးလေးကို ဟိုနေရာတို့လိုက် ဒီနေရာတို့လိုက်လုပ်နေသည့် သူတို့ရဲ့ဘော့စ်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြသည်။ခုတလောသူတို့ရဲ့ ဘောစ်က ဖိအားတွေအရမ်းများနေတာပဲဖြစ်ရမည်ဟု သူတို့ခံစားမိ၏။ခုဏတုန်းကလည်း တစ်လမ်းလုံး သူသည် ပါမောက္ခဝေ့ပေးထားသော သေနတ်ကြီးကိုထုတ်ကာ မရေမတွက်နိုင်သည့် စက်တစ်ပိုင်းသားရဲကြီးတွေကို သွေးရူးသွေးတန်းလျှောက်ပစ်ခဲ့သေးသည်။ခုတော့လည်း ဖက်ထုပ်လုံးလေးကို တူနှင့်ထိုးနေပြန်တာများ သူ့အတွက် ပုံမှန်ကိစ္စလိုပင်။
YOU ARE READING
ပေါက်ကွဲတတ်သောအိမ်မွေးဟမ်းစတားလေး(ဘာသာပြန်)
FantasyBoth Unicode and Zawgyi ကမ္ဘာကြီးကို ဂြိုလ်သားတွေရဲ့ကျူးကျော်တာခံရပြီးနောက်အစွမ်းတွေနိုးထ လာခဲ့ကြတယ်။အစွမ်းရှိတဲ့လူတွေက အစွမ်းရှိတဲ့တိရိစ္ဆာန်တွေနဲ့ ပေါင်းစပ်တိုက်ခိုက်ရင် စွမ်းရည်နှစ်ဆတိုးတာပေါ့။ရှုရှောင်ဟွေးကတော့ စွမ်းအင်ပြောင်းလို့မရတဲ့ မီးခိုးရေ...