Part {2}

1.2K 93 2
                                    

မြို့ရဲ့လေအေးက ခပ်စိမ်းစိမ်းတိုက်ခတ်နေသလို ခြံထဲ၌
စာထိုင်ဖတ်နေသော သူဋ္ဌေးလေး ဂျွန်
ပတ်ဝန်းကျင်ကိုမေ့လျော့နေတတ်ပေမယ့် စာအုပ်ဖတ်ခြင်း၌
အတွေးကမ္ဘာထဲ ခေတ္တခဏ သွားနေခြင်းဖြစ်သည် ။

သူ၏ဘဝဟာသာမန်ပါပင် သူ့မှာ သံယောဇဉ်တွယ်စရာ ဒီခြံကြီးနဲ့ သူ့ရဲ့သား ဂျောင်ကု
သူငယ်စဉ်က အတူနေခဲ့သည့်သူများသာ ရှိသည်
အိမ်ထောင်ဖက်ကိုထပ် ရွေးချယ်ရမည်ဆိုရင်တော့
ထပ်ရွေးချယ်ရဖို့သိပ်ကြောက်ပါသည် လူတွေက သစ္စာရှိဖို့ကျ
သိပ်ခက်ပါရောမဟုတ်ပါလားပြီးတော့သူ၏သားအတွက်
စိုးရိမ်စရာတွေရောများလှသည် ။

အချစ်တဲ့ ရက်စက်တဲ့ စိတ္တဇနာမ်လေးမို့ခံစားချက်က
သေလောက်အောင်နာကျင်ရသလို စိတ်ချမ်းမြေ့စရာလည်း
ကပ်ပါနေတတ်သလို လူကိုလည်းရူးသွားစေနိုင်သည်
မဟုတ်ပါလား ။

စာဖတ်၍လည်းအာရုံမရတော့ ခြံပတ်လည်ကို ကြည့်နေရင်း
ဟိုဘက်အိမ်ကို ခေတ္တခဏ သူ့အာရုံလွင့်သွားပါသည် ။
ဒါထပ်ခြံစည်းရိုးနားလှုပ်စိလှုပ်စိသွားနေတဲ့သူ့သားကြောင့်
ကြည့်လိုက်တော့ ခြံစည်ရိုးနားကပ်ကာ ပြတင်းပေါက်ပေါ်ကကလေးကို မော့ငေးနေသည်မို့ သူရယ်လိုက်မိသည် သားကသူနှင့်တူသည်ထင်ပါ့
စိတ်ဝင်စားတဲ့အရာတွေဆိုအချိန်ကြာကြာထိုင်ငေးနေတတ်တဲ့
အကျင့်လေး ရှိသည် ။

ထယ်ယောင်းလေးပျင်းသည်မို့ အိမ်ခြံနားက အုတ်ခုံပေါ်တက်ထိုင်ကာကောင်းကင်ကြီးကိုငေးကြည့်နေမိသည် ။ ရုတ်တရက်အသံပြုလာတဲ့ကလေးသံကြောင့်
လန့်သွားကာ ပြုတ်ကျမလိုဖြစ်သွားမှ အောက်ဘက်က
က​လေးသေးသေးလေးကပါ ​မော့ငေးနေသည်မို့ တရားခံကဒင်းလေးသူ.့ကြောင့်လန့်သွားပြီးကားယားလေး
ကျတော့မလို့ ထိုကလေးအား ထားခဲ့ကာအမြန်ပြန်ဆင်းရန်ပြင်လိုက်သည် ။

'' အယ်.ကိုကြီး ( အစ်ကိုကြီး) ''

အနောက်နားကမပီမသထွက်လာသည့်ခေါ်သံကြောင့် သူကြည့်တော့ ရယ်ပြနေသည့် ဟိုကလေး မျက်လုံး တောက်တောက်လေးတွေကကြယ်လေးတွေလို တောက်ပနေပြီးမျက်နှာဝိုင်းဝိုင်းနဲ့ချစ်စရာတော့ကောင်းပေမယ့်
အကောင်းမြင်စိတ်မရှိသည်ဘဲထင်ထင် သူတော့ကလေးမချစ်တတ် ။

Stranger but Warmth { ongoing. }Where stories live. Discover now