Part { 9 }

529 47 0
                                    

ပြီးပြည့်စုံတဲ့ မနက်ခင်းရဲ့ပြယုဂ်က ဆရာထယ်နှင့်
ကျောင်းရဲ့ King ဂျောင်ကုတို့အတူလာသည့်မြင်ကွင်းလို့
တစ်ချို့သောကောင်မလေးများကတွေးထင်ကြသော်လည်း
ဒီနေ့တော့ကျောင်းအတွင်း မုန်တိုင်းပမာပျံ့နေသောသတင်းက
ဆရာကင်နဲ့တခြားကောင်လေးတစ်ယောက် အတူပြုံးရွှင်စွာ
ကျောင်းလာသည်ဆိုတဲ့ အကြောင်းအပြင် သူတို့ King
လှည့်စားခံလိုက်ရပြီဆိုတဲ့ ပေါက်ကရသတင်းတွေဆက်တိုက်
လူပြောများနေခဲ့သည် ။

စာသင်ချိန်၌လည်း ပုံမှန်အတိုင်းသာရှိနေသော ဂျောင်ကုကြောင့် အကုန်လုံးရဲ့အာရုံက ဆရာထယ်ဆီ
စုပြုံသွားကြသည်မို့ စိတ်ပျက်လက်ပျက်ထိုင်တွေးနေသည်က
ဂျောင်ကုပင် မနက်ကအစောကြီး ဟာဂျွန်းဆိုသည့်လူနှင့်
အတူကျောင်းသွားတဲ့အစ်ကိုကြီးက သူ့ကိုမစောင့်ဘဲ
သွားသည်ကို စိတ်ဆိုးမိပေမယ့် တခြားသူတွေ အစ်ကိုကြီးကိုပြောချင်တိုင်း
ပြောနေတာကိုတော့သူသဘောမကျပေ ။

'' ဟာဂျွန်း မင်းဘာဖြစ်နေတာလဲ ''

'' သြော်မင်းကိုတွေ့ချင်လို့လာတာဘာဖြစ်ရမှာလဲ ''

'' ငါ့ကို လက်ကိုင်တာတို့ ဖက်တာတို့နည်းနည်းရှောင်ပေး
ငါအနေရခက်လို့ ''

'' အေးပါကွာ မင်းကလည်း ''

စကားခဏပြောပြီး ပြန်သွားတဲ့ဟာဂျွန်းကြောင့် အသက်ရူချောင်သွားရသည် တစ်ချို့လူတွေရဲ့ အမြင်မကြည်သလိုကြည့်နေကြတဲ့အကြည့်တွေကိုသူသိပေမယ့် အကုန်လုံး မသိချင်ယောင်ဆောင်ထားလိုက်သည်
စိတ်မွန်းကြပ်စေတဲ့ ရပ်ဝန်းတွေကိုသူမနှစ်မြို့တာကြောင့်
သိပ်တော့ အရေးမလုပ်တတ် ။

ထယ်ယောင်း စိတ်ဆိုးနေတဲ့ကလေးဆီ ခဏသွားရန်ပြင်လိုက်ပေမယ့် လမ်းမှာ ပြောနေကြတဲ့
ဂျောင်ကုရန်ဖြစ်ပြီးရုံးခန်းရောက်သွားတဲ့သတင်းကြောင့်
ရုံးခန်းသို့ခြေဦးအမြန်လှည့်ကာ ပြေးလာရသည် မျက်နှာမှာ
အနည်းငယ်ယောင်နေဒဏ်ရာနဲ့ဂျောင်ကုကသူ့ကိုမြင်တော့
မကြည်ကြည့်နေသည်မို့ ကိုယ်ရှိန်သပ်လိုက်ရသည် ။

'' ဂျောင်ကု ဘာလို့ သူ့ကိုထိုးရတာလဲ ''

'' ထိုးချင်လွန်းလို့ ထိုးတာ ''

Stranger but Warmth { ongoing. }Where stories live. Discover now