Part { 4 }

724 59 4
                                    

နေသာနေတဲ့ပတ်ဝန်းကျင်၌ ထုံးစံမပျက် အစ်ကိုကြီးက
စာကြည့်တိုက်ထဲတွင် စာကြည့်နေတုန်း ဆေးရုံခဏတက်လိုက်ရသည်မို့ အိမ်စာတွေတစ်ပုံကြီးနှင့်
မအားလပ်ဖြစ်နေပြန်သည်

သူရဲ့အားလပ်ချိန်တွေကတော့သိပ်ပျင်းစရာကောင်းသည်
အပေါင်းအသင်းလည်းမရှိတဲ့သူ့အတွက်အစ်ကိုကြီးသာ
သူငယ်ချင်း ဖြစ်သလို သူပြောချင်တာတွေပြောနိုင်သည့်
တစ်ဦးတည်းသောသူဖြစ်သည်မို့ အခုတော့ ကျောင်းဝန်းထဲမယ်သူဟာသွားစရာနေရာများများစားစားလည်းမရှိသည်မို့ စာကြည့်နေတဲ့ အစ်ကိုကြီးဘေးနားသွားရှုပ်ရန်
သာစိတ်ကူးမိပါသည် ။သိပ်မကြာခင်တော့ စာကြည့်တိုက်အတွင်း၌ ဟေ့မင်းလာမရှုပ်နဲ့ဆိုပြီး ဒေါသကြီးစွာအော်ဟစ်လာသည့်အစ်ကိုကြီးအသံကြီးထွက်လာသလို ပြုံးပြီးအော်ခံနေတဲ့ ကလေးတစ်ယောက်ကိုမြင်ရ
လိမ့်မှာမလွဲမသွေ ။

အိမ်ပြန်ချိန်၌အစ်ကိုကြီးက အိမ်လာလည်ရန်ပြောသည်မို့
ပျော်ရွှင်စွာအော်ဟစ်နေတဲ့ကလေးတစ်ယောက်အားကြည့်ရင်း
ပြုံးနေပေမယ့် ဝမ်းနည်းနေတဲ့အစ်ကိုကြီးမျက်ဝန်းတွေကို
ထိုကလေးသတိမထားမိခဲ့ပါ ။

ထမင်းအမြန်သွက်သွက်စားရင်း တစ်ခါမှအိမ်လာလည်ဖို့မပြောဖူးတဲ့အစ်ကိုကြီးကထူးထူးဆန်းဆန်းလာခိုင်းသည်မို့ သူတက်ကြွနေပါသည် တစ်ညနေလုံး
အစ်ကိုကြီးနဲ့အချိန်ဖြုန်းပါဦးမည် ဒီနေ့တော့ သူ့အတွက်
lucky day ဖြစ်သည် ။

'' လာပြီလား မြန်တာ ငါတောင်ထမင်းမစားရသေးဘူး ''

'' လာလာ ဘေးအိမ်က ကလေးမလား မင်းအစ်ကိုကြီးပြောလို့ တွေ့ချင်နေတာ အန်တီနဲ့အခုမှတွေ့ဖြစ်တော့တယ် ''

'' ဟုတ် အန်တီ ဂျွန်ဂျောင်ကုပါဗျ အစ်ကိုကြီးကကျွန်တော့်မကောင်းကြောင်းတွေပြောထားတာလား နော် ''

'' မင်းလို မဟုတ်ဘူး ကွ '' ထမင်းစားနေရင်းထအော်သည့် အစ်ကိုကြီးကြောင့် ပြုံးပြီးကြည့်နေမိတာက အန်တီနဲ့ကျွန်တော်ပင် အစ်ကိုကြီးကတစ်ခါတစ်လေတော့ ကလေးတစ်ယောက် နှင့်တူသလို ဒေါသလည်းကြီးပါသည် ။
ထိုညနေကတော့အစ်ကိုကြီးအတင်းခေါ်လို့ ညနေစာနှစ်နပ်စာစားဖြစ်ခဲ့တဲ့ထူးထူးခြားခြားနေ့ကလေးပါပင်။

Stranger but Warmth { ongoing. }Where stories live. Discover now