Part { 12 }

546 42 2
                                    

ထိုရက်သတ္တပတ်ရဲ့အဆိုးဆုံးနေ့ရက်ပြီးကတည်းက
စကားနည်းသွားသည့်ဂျောင်ကုကြောင့် ထယ်ယောင်း
စိတ်ပူမိပါသည် အချိန်ခဏလောက်ပေးရန် စဉ်းစားမိပေမယ့်
ဘာစကားမှ မပြောဘဲကားမောင်းကာ သူ့အားကျောင်းသို့
လိုက်ပို့ပြီးပုံမှန်အတိုင်းနေနေပေမယ့် အဆင်မပြေနေသည်ကို
ထယ်ယောင်းကြည့်ရုံနဲ့သိလိုက်သည်မို့ ဒီနေ့တော့ သူ့ဘက်ကပျော်အောင်ထားပေးရန် စဉ်းစားမိတော့
စာအုပ်တွေထဲသာခေါင်းစိုက်ရင်းအပြင်လောကနှင့်ဝေးနေသည့်သူက ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပေ ။

'' ဂျောင်ကု ''

'' အင်း ''

'' မနက်စာစားခဲ့ရဲ့လား ''

'' အင်း ''

ဒီဂျောင်ကုကတော့ မေးတာသာဖြေနေသည်မို့ဘာကြံရမှန်း
မသိတာနဲ့ကားပေါ်ကဆင်းရန်ပြင်နေသည့် သူအားလက်ကနေအသာဆွဲကာ ပါးကိုခပ်ဖွဖွလေးနှုတ်ခမ်းနဲ့
ထိလိုက်တော့ အံ့သြ သွားတဲ့မျက်ဝန်းဝိုင်းဝိုင်းတွေက သက်သေဆိုပေမယ့် ဘာမှ မပြောဘဲကားပေါ်ကဆင်းသွား
ပြန်သည်သူကသာပါးကြီးမက်မွန်သီးလိုဖြစ်ပြီးကျန်ခဲ့တာထင်ပါသည် ဟိုကနည်းနည်းလေးမှပင် တုန်လှုပ်ဟန်မပြသည်မို့
သက်ပြင်းချလိုက်မိသည် ရင်ဘတ်ကြီးကိုအသာဖိကာ နံရံမှာ
ကွယ်ကပ်ထားရင်း စိတ်ထိန်းနေရသည့် ကောင်လေးကိုတော့
ထယ်ယောင်းမမြင်လိုက်ပေဒါဟာအစ်ကိုကြီးဆီကသူပထမဆုံးရဖူးသည့်အနမ်းခပ်ဖွဖွလေးပင်အန္တရာယ်တွေကိုလက်ယက်ခေါ်နေတာဘဲ ဒီအစ်ကိုကြီးကတော့ ။

ထယ်ယောင်းကျောင်းတက်တော့ သူ၏ရုံးခန်းမှဘာမှတ်စရာမှ
မလိုသည့်ဖိုင်အားယူကာဂျောင်ကုရဲ့အခန်းရှေ့ကိုယောင်လည်လည်ရောက်လာသည်ကျောင်းအုပ်ရဲ့ရုံးခန်းကိုသွားရန်ဒီအခန်းရှေ့ကဖြတ်ရသည်မို့မျက်မှန်ကိုအသာပင့်ကာ အခန်းထဲလှမ်းကြည့်တော့စာအုပ်ကိုသာအာရုံစိုက်ကြည့်နေသည့်သူ သူဝါသနာပါသည့်ဘာသာရပ်မို့ စိတ်မပျံ့လွင့်ဘဲ သေချာသင်ယူနေပုံက သူမမြင်ဖူးသေးတဲ့မြင်ကွင်းမို့ ခဏလောက်ငေးမောကြည့်နေမိသည်သူတို့အတန်းပိုင်ဆရာသူ့ရှေ့ရောက်လာမှ သူသတိဝင်ကာ ဘာမှမပြောဘဲ ကျောင်းအုပ်ကြီးရုံးခန်းဘက်သွားသော်လည်း သန့်စင်ခန်းထဲဘယ်လိုရောက်သွားလဲမသိ စိတ်တွေပျံ့လွင့်နေပုံများ ဖိုင်ကြီးကိုင်ကာ သန့်စင်ခန်းထဲ
ဝင်လာရတယ်လို့ မကြာဘူး ထိုကောင်လေးနဲ့သာဆို သူလည်းလူထူးလူဆန်းဖြစ်တော့မည် ။

Stranger but Warmth { ongoing. }Where stories live. Discover now