Part {5}

647 62 4
                                    

အချိန်နဲ့ ဒီရေသည်လူကိုမစောင့်ဆိုသည့် စကားပုံအတိုင်း
အချိန်တွေကုန်တာသိပ်မြန်လှသည် ဒီစိမ်းသက်တဲ့နေရာမှာ
နေသားကျအောင် ကြိုးစားရင်း မျက်ဝန်းဝိုင်းဝိုင်းနဲ့ကလေးကို
သတိမရဘူးပြောရင်လိမ်ရာကျလိမ့်မလား ။ မနက်ခင်းပိုင်း
အေးစက်ချင်​အေးစက်နေလိမ့်မည် နွေးထွေးချင်တဲ့နေ့ကျ
နွေးထွေးတတ်တဲ့ Harvard Medicine ကျောင်းရဲ့
လမ်းတွေက ကိုယ့်ကိုမပျော်ရွှင်စေနိုင်သလို အရင်လိုဘေးကနေ တစ်နေ့တာကို ပြုံးရွှင်စွာပြောပြတတ်တဲ့
လူတစ်ယောက် မရှိလို့ရောဖြစ်လိမ့်မည်လေ  ။

'' Hey Taehyung မင်းကောင်လေးကိုလွမ်းနေပြန်တာလား ''

အတွေးလွန်နေတုန်းဘေးကနေရောက်လာသည့် US ရောက်တုန်းပထမဆုံးခင်ဖြစ်တဲ့မိန်းကလေးသူငယ်ချင်း
Joshua က သူမှိုင်ထွေနေတိုင်း ကောင်လေးကိုလွမ်းလို့လို့
စတတ်သလို ဟာဂျွန်းနဲ့သူ့အားအတွဲတွေဟု
ထင်မှတ်နေသူလည်းဖြစ်သည်သူ့ဘက်ကနေ့တိုင်းငြင်းသော်လည်းပြုံးပြီးငြိမ်နေတတ်တဲ့ ဟာဂျွန်းကြောင့် သူမပိုပြီးထင်မှတ်လာသည့်ပုံပင်။

နေ့တိုင်းမပျင်းရအောင်စကားတွေများတတ်လွန်းပြီး ​ပေါက်ကရတွေလုပ်တိုင်းပြုံးပြီး ကြည့်နေတတ်တဲ့
Marlin  ဆိုတဲ့ ချစ်သူကောင်မလေးကို သူမပိုင်ဆိုင်ထားသည်တစ်ယောက်ကစကားအများကြီးပြောရတာသဘောကျပြီး တစ်ယောက်ကပြုံးပြီးနားထောင်ရတာ
သဘောကျတတ်သလို အကျင့်မတူသည့်
သူတို့ relationshipလေးက
သိပ်သဘောကျစရာကောင်းပါသည် ။

ဒီလိုအချိန်တွေဆို
မျက်ဝန်းဝိုင်းဝိုင်းနဲ့ကလေးကိုပိုလွမ်းမိသားမင်းလည်း
စကားအများကြီးပြောရတာသဘောကျသည့်ကလေးမဟုတ်ပါလား ။

အစ်ကိုကြီးမသိခဲ့တဲ့အမှန်တရားတွေက စကားအများကြီးပြောရတာသဘောကျတာမဟုတ်ဘဲ သူတစ်ယောက်နဲ့သာထိုသို့စကားများတတ်သည့်ကလေးဖြစ်ခဲ့သည်ကိုပေါ့ ။

တချို့အရာတွေက အနီးမှာရှိလေ ပိုသတိမမူလေ
အဝေးရောက်မှတမ်းတမိတတ်တဲ့ ခပ်ဆွေးဆွေး
ပုံပြင်တွေလိုမျိုးပေါ့ ။

နာမည်ကြီးစီးပွားရေးတက္ကသိုလ်ရဲ့ပြယုဂ်လို့သတ်မှတ်ထားတဲ့ထိုသူကောင်မလေးများအုပ်စုလိုက်ဖွဲ့ကာငေးမောနေရသည်အထိ ပြည့်စုံ တဲ့လူမျိုး အနက်ရောင် ကျောင်းဝတ်စုံကသူနဲ့မှ
ပိုလိုက်ဖက်သည်လို့ ပြောကြတဲ့အထိ ကျော်ကြားတဲ့လူ ဒါပေမယ့် ထိုသူကဘယ်သူနဲ့မှအရောတဝင်မနေတတ်ပေမယ့်
့ခပ်ဆိုးဆိုးကျောင်းသားလေးကကောင်မလေးတစ်ယောက်ကိုမှအခုထိမရွေးချယ်သေးသည်မို့ကောင်မလေးတွေရဲ့ မျော်လင့်ချက် တွေသည် King Jung Kook ရဲ့အနာဂတ်ရည်းစားလောင်းဖြစ်လာဖို့ သေချာနေခဲ့ကြသည် ။

Stranger but Warmth { ongoing. }Where stories live. Discover now