Part { 6 }

661 65 6
                                    

Harvard ကျောင်းဝန်းရဲ့တစ်နေရာ၌ ကျောင်းသားများစွာ
စုဝေးနေပြီးအလယ်၌ရပ်နေသောကောင်လေးနှစ်ယောက်
ပြသနာဖြေရှင်းနေကြပေမယ့် ဘေးကနေကြည့်နေသော
ကောင်လေးကစိတ်ပျက်နေသည့်မျက်ဝန်းများနှင့် နှစ်ယောက်လုံးကို ကြည့်ရင်း စကားတစ်ခွန်း ဆိုလာသည် ။
အကုန်လုံး ရဲ့စိတ်ဝင်စားမှုများထိုဆရာဝန်လောင်းလေးထံ
ကျရောက်လာကြသည် ။

ပြသနာအစက ထယ်ယောင်းအား တွဲကြရန်လာပြောသော
စီနီယာ တစ်ယောက်ကြောင့် ဟာဂျွန်းက ဆွဲထိုးကြရင်း
ထိုသို့အကြီးအကျယ်ဖြစ်လာတာဖြစ်သည် ။သူမကြိုက်ပါ
သူ့ကြောင့် လို့အမည်ခံတဲ့ရန်ပွဲတွေကို စိတ်ပျက်လွန်းသည်မို့
ကျောင်းပိတ်ခါနီး သူအေးဆေးနေချင်သည်ဆိုမှ အကုန်လုံးကို
ပြတ်ပြတ်သားသားပြောရန်ဆုံးဖြတ်လိုက်သည် ။

'' စိတ်မကောင်းပေမယ့်
ကျွန်တော်ဘယ်သူနဲ့မှမတွဲနိုင်ဘူး ''

'' ဘာလို့လဲ ကင်မ် မင်းမှာအကြောင်းပြချက်တော့ရှိသင့်တာဘဲ ''

'' အင်း အဲ့နေ့ကစပြီး ကျွန်တော့်ကိုပိုင်တဲ့သူက
သူတစ်ဦးဘဲ ရှိတယ် အခုရောနောက်ရော ''

လေးနက်စွာပြောတဲ့ စကားတွေကြောင့် ထိုအနီးအနားက
ကျောင်းသားအချို့ရဲ့ အားပေးအားမြောက်သံတွေထွက်
ပေါ်လာပြီး သူ့ရဲ့ကောင်မလေးကို အားကျကြောင်းပြောတဲ့
သူအမြောက်အမြားရှိကြပေမယ့် ဟာဂျွန်းကတော့ ထိုလူအုပ်ထဲကထွက်သွားခဲ့ပြီဖြစ်သည်နောက်နေ့ကျောင်းဝန်းအတွင်း၌ ဆရာဝန်လောင်းလေးကင်မ်က တစ်ကျောင်းလုံး
တစ်ဝက်လောက်ရဲ့အသည်းကိုခွဲသွားပြီဟူ၍ သတင်းကြီး
ပျံ့နှံ့ခဲ့သည် ။

'' ဝိုးကင်မ်တကယ် မင်းကောင်လေးကဟာဂျွန်း မဟုတ်ဘူး ပေါ့ ''

'' အေး ငါခဏခဏပြောတာဘဲ ''

'' ဟာဂျွန်းတော့အသည်းကွဲပြီထင်တယ် ''

သူနဲ့အတူတောင်မထိုင်တော့ဘဲ တခြားနေရာ၌ထိုင်နေသော
ဟာဂျွန်းအားကြည့်ကာ suna ကဆိုသည် ထိုနေ့ကစပြီး
သူနဲ့စကားလည်းမပြောတော့ဘဲ ရှောင်လာတဲ့သူကြောင့်
သူလည်းအသာတကြည် ရှောင်နေပေးလိုက်သည် အချိန်လိုမှာဘဲလေ အစကတည်းက သူမှမချစ်တာ နောက်လည်းချစ်ဖို့ မဖြစ်နိုင်မယ့်အတူတူ ဒဏ်ရာတွေ မျော်လင့်ချက်တွေ သူတစ်ခုမှ မပေးချင်တော့ပါ ။

Stranger but Warmth { ongoing. }Where stories live. Discover now