Part [ 19 ]

384 21 0
                                    

မောင့်အနားမှာနေပါ မောင့်ကိုချစ်ကြောင်းတွေးရင်း
မောင်မင်းကိုဘယ်လောက်ချစ်ကြောင်းပြန်တွေးပေးပါ
ဒီသံသရာဟာရှည်လျားလာတဲ့အခါ ဒုက္ခရောသုခရော
စုံလင်လာနိုင်တာမို့ မောင်နဲ့အတူအခက်အခဲအားလုံးကို
ရင်ဆိုင်ပေးနိုင်မလား ။

မိုးတွေနှင်းတွေရောယှက်နေတဲ့ အဲ့ဒီနေ့က ကွာရှင်းပြတ်ဆဲတဲ့စကားကို ဆယ်နှစ်အရွယ် ကလေးကနားလည်နိုင်ဖို့ကြိုးစားခဲ့ရတယ်
ပျော်ရွင်စွာ အတူနေထိုင်နိုင်ကြတယ်လို့ ထင်ခဲ့တဲ့
အဖေနဲ့အမေက ခွဲနေမယ်လို့ စကားစလာတဲ့အခါ ဆယ်နှစ်အရွယ်သူက ဘာကြောင့်လဲဆိုတဲ့ အမေးစကားကို မမေးတတ်ခဲ့သလို အဖေနဲ့အမေကို
ရွေးရပါမယ်လို့ လည်းသူမထင်ခဲ့ဘူးပါ ။

အဲ့ဒီနေ့ကဘဲ ခွဲခွာခြင်းအဓိပ္ပါယ်ကို သူသိခဲ့တယ်
သူကြောက်ခဲ့တယ် မောင့်ကိုစတင်ရင်ခုန်ခဲ့တဲ့ အချိန် အချစ်ကိုစတင်ထိတွေ့လာတဲ့သူက အဝေးကိုပြေးရှောင်ခဲ့တာမောင်မရွေးချယ်ခြင်းခံရမှာစိုးခဲ့လို့ထင်တယ် ချစ်ခြင်းမေတ္တာ ကို
အဆိပ်အတောက်ကင်းစွာ ခံယူတတ်ခဲ့ဖို့ အလွမ်းတွေအစားထိုးခဲ့တာ တန်ပြန်သက်ရောက်မှု
ရရှိခဲ့လို့ တော်ပါသေးသည် ။

'' မောင့်အစ်ကိုကြီး ''

'' ဗျာ ''

'' ဘယ်လိုလေးထူးနေတာတုန်း
အူယားလိုက်တာ ဗျာ သြော်ဒါနဲ့အစ်ကိုကြီး
မောင်ဟိုနေ့ကအခန်းရှင်းရင်း
ဟားဗတ်စ်ရောက်တုန်းကမောင့်ကိုပို့ပေးလိုက်တဲ့ စာတွေတောင်မောင်သိမ်းထားပေမယ့် မဖတ်ရသေးဘူး'

'' ဟင် ကိုယ့်ကိုပြကြည့်ပါလား ''

သာမန်အပြာရောင်စာတိုစာစတွေကို သူမပို့ခဲ့ဘူးပေမယ့်
ဘာကြောင့်ရောက်နေသလဲသူမသိခဲ့ပါ ရင်တုန်စွာနဲ့
စာကိုဖတ်ကြည့်မိတော့ ဟာဂျွန်းလက်ရေးဖြစ်နေခဲ့သည်
ပထမစာကိုဖတ်ရင်း စိတ်တွေမွန်းကြပ်နေခဲ့သလို ဟာဂျွန်းရဲ့စိတ်ကိုနားလည်လာခဲ့ပါသည် ။

'' ဟိုင်း ငါကဟာဂျွန်းပါ မင်းသိလား ထယ်ယောင်း
အရက်တွေသောက်​နေရင်း မင်းအကြောင်းတဖွဖွပြောနေပြန်ပြီ ငါလည်းဒီစာကိုမူးနေတုန်း အရဲစွန့်ရေးလိုက်တာ ရင်နာနာနဲ့ရေးလိုက်တာဆိုပိုမှန်မယ်ထင်တယ် ''

Stranger but Warmth { ongoing. }Where stories live. Discover now