Part { 15 }

710 54 0
                                    

အားကစားပြိုင်ပွဲနေ့ပြီးကတည်းက အစ်ကိုကြီးက
သူ့အားစိတ်ဆိုးနေသလို ဂရုစိုက်တော့မပျက် ပါ
ရုပ်တည်ကြီးဖြင့် သူ့ကိုစိတ်ဆိုးတော့ ဒီလူက
အူယားလို့ဖက်နမ်းလိုက်ချင်မိသည် ။

မကြာခင် ကျောင်းပြီးတော့မည် ဖြစ်သလို အဖေ့အား
ပူဆာကာဆေးရုံကရှယ်ယာများဝယ်ထားသလို
အဖေ့လုပ်ငန်းတွေအကုန် သူအနည်းအများနားလည်
နေပြီဖြစ်သည် ပါးပါးလက်ဆောင်ပေးခဲ့တဲ့ ကော်ဖီဆိုင်
လေးအားလည်း သေချာလည်ပတ်အောင် နေ့တိုင်း
သူသွားကြည့်ဖြစ်သလို ပါးပါးအငွေ့အသက်တွေရတဲ့
ထိုနေရာက သူ့အတွက် အမှတ်တရ များသိမ်းဆည်း
ထားနိုင်သည့်နေရာလည်း ဖြစ်သည်လေ ။

" အစ်ကိုကြီး အစ်ကိုကြီးရေ ''

''. ....... ''

'' ဟော မထူးဘူးပေါ့လေ အစ်ကိုကြီးလို့ ''

''. ...... ''

'' မောင့်ရဲ့အစ်ကိုကြီး ''

'' အဟမ်း ''

ပြုံးသွားသည့် ထိုနှုတ်ခမ်းဖျားအစွန်းမှာ သူ့ရင်ခုန်သံများ
မူမမှန်နိုင်တော့ပေ မျက်မှန်ချွတ်ထားတာကြောင့်
မျက်ဝန်းတွေကိုအနီးကပ်ကြည့်မိတော့ လန့်သွားသည့်
သူကနှုတ်ဖျားမှ အင့်ကနဲအသံထွက်လာတော့သည် ။

ပါးနုနုလေးအား မြတ်နိုးစွာထိမိတော့ အသက်ရှုသံ
ခပ်တိုးတိုးက သူ့ပါးအားလာရိုက်ခတ်သည် ထိုခဏမှာ
သူဟာ ကင်ထယ်ယောင်း ဆိုတဲ့ချောက်လှလှလေးထဲ
ခြေချော်ကျသွားရသည် ဆွဲတင်ပေးမယ့် ကြိုးတွေရှိပါရက်
ထိုချောက်လှလှထဲရူးသွပ်စွာ ပျော်ဝင်တော့ ပါးပေါ်ရောက်လာသည့် နှုတ်ခမ်းဖျားနုနုက သူ့အာရုံငါးပါး
အားလွှမ်းမိုးသွားသည် ထိုခဏမှာ မောင့်အစ်ကိုကြီးက
မောင့်ကမ္ဘာအလုံးစုံကို လက်နက်မလိုဘဲသိမ်းဆည်းသွား
တော့သည် ။

အစည်းအဝေးခန်းထဲ အေးဆေးစွာ ဝင်သွားသည့်
အစ်ကိုကြီးက သူ့အားရင်တုန်အောင်လုပ်သွားပြီး
ပြုံးပြကာ လက်လှမ်းပြရင်း သွားခဲ့ပေမယ့် အခန်းရှေ့၌
မတုန်မလှုပ်ကျန်နေခဲ့တာသူပင် အတန်းပိုင် ဆရာ
လှမ်းခေါ်တော့မှ သူသတိကပ်ကာ စာကိုသေချာအာရုံစိုက်ရင်း
အပြုံးတွေဖုံးဖိလို့မရသဖြင့် ထိုနေ့က ကျောင်းရဲ့ King
ကြီးက အရင်လိုရုပ်တည်ကြီးအစား
ထိုစာသင်ချိန်တစ်ချိန်လုံးပြုံးနေသည်မို့ ထူးဆန်းနေကြတော့သည် ။

Stranger but Warmth { ongoing. }Where stories live. Discover now