Part [ 17 ]

418 34 0
                                    

အချိန်အနည်းကြာတော့ အစ်ကိုကြီးကသူ့ရင်ခွင်ထဲ
အနည်းငယ်လှုပ်လာပြီးမျက်ရည်တွေသုတ်ကာထွက်လာတော့
သူလည်း မျက်နှာနုနုကို အသာအယာပင့်တင်ကာ
မျက်ခွံလေးကို ခပ်ဖွဖွလေး သူ့နှုတ်ခမ်းနှင့်ထိတွေ့လိုက်သည်

'' အင့်..''

'' မောင် ပွေ့ပါရစေနော် အစ်ကို ကြီး
ငြိမ်ငြိမ်လေးလိုက်ခဲ့ ''

သူ့ကို ဖက်တွယ်လာတဲ့လက်ချောင်းလေးတွေကို အသာအယာထိတို့ပေးကာ ကားပေါ်အသာချပေးပြီး
အစ်ကိုကြီးစိတ်ပြေလောက်မယ့် နေရာသို့ခေါ်လာခဲ့သည်
မွေးနေ့ အတွက် ကြိုတင်ပြင်ဆင်နေခဲ့ပေမယ့် အခု
သူ့အချစ်က မပျော်မရွှင်ဖြစ်နေတာမြင်တော့ အချိန်ကာလ
ကအရေးမကြီးတော့ပါ ။

'' ဘယ်နေရာ လဲဟင် ''

'' မောင့်ကိုယုံနော် လာလိုက်ခဲ့ ''

ရှေ့ကနေသူ့လက်ကိုဆုပ်ကိုင်ထားတဲ့ ထိုကလေးက
ငယ်ငယ်ကပြောတဲ့စကားကိုတည်ခဲ့ပါသည် ဘယ်တော့မှ ဘာကြောင့် စိတ်ညစ်နေတာလဲ မမေးခဲ့ဘူး အဲ့သည်အစား
သူစိတ်ပျော်ဖို့သာ အရေးပေးခဲ့သည် ။

တင်းကြပ်သွားတဲ့ပွေ့ဖက်မှုလေးကြောင့် အရာရာဟာ
ခေတ္တရပ်တန့်သွားပြီး နှလုံးသားလေးကအဲ့ဒီနွေးထွေးမှုလေး
ကိုအမြဲတမ်းမျော်လင့်ခဲ့ပုံမို့နေသားတကျ ဖြစ်နေပုံရသည်။
စကားလုံးတွေအများကြီးနဲ့ ထုတ်ဖော်မပြတတ်ပေမယ့်
သူ့အတွက်တော့ အစ်ကိုကြီးကငယ်ဘဝမှာရော အခုအခြေအနေမှာရော အမြဲတမ်းငေးကြည့်နေချင်တဲ့
အဖိုးတန်လေးတစ်ခုပါဘဲ ။

'' ဒါတွေကတကယ်အံ့သြစရာဘဲ မင်းဘယ်တုန်းက
ဒီလိုပြင်ဆင်ထားတာလဲ ''

'' တစ်စုံတစ်ယောက်အတွက်ပေါ့ စပျစ်သီးတွေကို
ပြုံးရွှင်ပြီး စားနေ တတ်တဲ့သူ ဒေစီပန်းတွေကို
တမေ့တမျောငေးနေတတ်တဲ့ သူ အဲ့ဒီလူက ကျွန်တော့်
ဘဝအတွက်သိပ်အရေးပါနေခဲ့တာ ''

'' ငါ နိုင်ငံခြားရောက်နေတုန်း မင်းကဘဝအတွက်
အရေးပါတဲ့သူတောင်တွေ့နေပြီကိုး ''

'' အစ်ကိုကြီးက စာသာတော်သာ
တခြားနေရာတွေမတော်ဘူးနော် ''

'' အေးပေါ့ ငါကဆေးစာရွက်တွေကြား ဘဝကိုနစ်မြုပ်ထားရတော့
မင်းလိုဘဝအတွက်အရေးပါတဲ့သူ
ရှာဖို့အချိန်မရှိခဲ့ဘူး ''

Stranger but Warmth { ongoing. }Where stories live. Discover now