Part { 8 }

596 51 2
                                    

ညနေခင်းရဲ့​နေဝင်ချိန်ကိုခံစားရင်း ခြံထဲကြည့်နေတုန်း
ခြံအနောက်ဘက်ဝင်သွားတဲ့အဖေနဲ့ အစ်ကိုကြီးက အလျင်တလို စိုးရိမ်နေတဲ့မျက်နှာတွေနဲမို့ ခဏလောက်
စောင့်ကြည့်ပြီး လိုက်သွားရန်ပြင်လိုက်ပေမယ့်
ဆယ့်ငါးမိနစ်လောက်နေတော့ ထွက်လာသည့်
အစ်ကိုကြီးနဲ့အဖေ ။

'' ဒီအတိုင်းဆို အခြေအနေ မကောင်းတော့ဘူး ''

'' အတတ်နိုင်ဆုံး အတတ်နိုင်ဆုံး ဆွဲထားပေးပါသားရယ် ''

'' အာ့လိုလုပ်မှ ​သေချာပေါက်ပျော်မှာလား အဖေရယ် ''

ထယ်ယောင်း ဟိုကလေးအဖေနဲ့ ရင်းနှီးနေသည်မှာ လွန်ခဲ့တဲ့
ခြောက်နှစ်ကတည်းကမို့ အဖေလို့ခေါ်မှ စိတ်မဆိုးတဲ့ ဦးလေးကြီးက ဂျောင်ကုနဲ့တစ်ပုံစံတည်း ခေါင်းမာပြီးအစွဲအလမ်းသိပ်ကြီးသည့်သူ ဒါပေမဲ့ သူက
သိပ်ချစ်တတ်တဲ့အဖေဖြစ်သလို ခင်ပွန်းတစ်ယောက် ဖြစ်ပုံရပါသည် ။

'' အင်း သူမရှိဘူးဆိုတဲ့ အတွေးကို
အဖေမတွေးနိုင်သေးဘူး သူမရှိတော့မယ့်နေ့ရက်တွေကို
မဖြတ်သန်းတတ်သေးဘူး သားရယ် ''

'' ဒါပေမယ့် သူသိပ်ပင်ပန်းနေပြီအဖေရယ်
ခြောက်နှစ်လုံးသူသိပ်ပင်ပန်းနေပြီ ''

'' အင်း ပြီးတော့ စာတွေသင်ခဲ့ရတာ စိတ်ညစ်ခဲ့မှာဘဲ
ပင်ပန်းသွားပြီ ထပ်ပြီးကျေးဇူးလို့ပြောရင် စိတ်တိုတော့မယ်
ထင်တယ် ''

'' အင်း ဒါကျွန်တော်ရွေးလိုက်တဲ့လမ်းဘဲလေ ပြီးတော့
ဂျောင်ကုအတွက် ပိုအဆင်ပြေဖို့အရေးကြီးပါတယ် ''

သူတို့ နားရောက်လာတဲ့ဂျောင်ကုကြောင့် စကားစပြတ်သွားရသည် ။အဲ့ကလေးမသိအောင်လုပ်ရသည့်
ကိစ္စတွေမို့ သူ့မှာနောက်ကျောတောင်မလုံချင် ဒါပေမယ့်လည်း
မင်းသိသွားရင် သိပ်ပင်ပန်းရလိမ့်မယ်ကလေးရယ် ။

'' အဖေ ဘာတွေလုပ်နေတာလဲ ''

'' သြော် ဒီမှာ ဆရာလေးအတွက်
စပျစ်သီးခူးပေးမလို့လေ ဒါပေမယ့် အဖေခဏခေါင်းကိုက်လာလို့ သားဘဲဆက်ခူးပေးလိုက်တော့''

အဖေထွက်သွားတော့မှ စပျစ်သီးဘူးလေးကိုင်ကာ ခူးပေးရင်း
အစ်ကိုကြီးအားလှမ်းကြည့်မိသည် ။စိတ်ရှုပ်နေတဲ့ပုံဆိုပေမယ့်
ခန့်မှန်းရခက်တဲ့အစ်ကိုကြီးက စပျစ်သီးတွေ အေးဆေးစွာ
ခူးနေပြန်သည် ။

Stranger but Warmth { ongoing. }Where stories live. Discover now