Part { 14 }

560 51 3
                                    

မနက်ခင်းနေရောင်ခြည်နဲ့အတူ
တီရှပ်အပြာရောင်နဲ့အတူဂျူတီကုတ်မဝတ်ရ​သေးတဲ့ဆရာက ကော်ရစ်တာလမ်းတစ်လျောက်လူအများရဲ့
ငေးကြည့်ခြင်းကို ဒီ​နေ့မှ ပိုမိုစွာခံနေရပါသည်

Kim Taehyung ဆိုတဲ့
Ig account လေးမှာပထမဆုံး တင်လာသည့်ပို့စ်က အရင်ကလို ဆေးစာရွက်အကြောင်းများမဟုတ်ဘဲ
ပထမဆုံး သက်ဆိုင်သူအားဖော်ပြလိုက်တာကြောင့်
ကျောင်းသားအများစုရဲ့ အာရုံစိုက်ခြင်းကို ခံလိုက်ရသည့်
အပြင် Harvard မှာကျောင်းတက်တုန်းက
သူငယ်ချင်း များကပါ စနောက်သည့် ကောမန့်များ
ဝင်လာသည် ။

နိုတီဘားတွင် တက်လာသည့် နောက်ထပ်ကောမန့်လေးက
သူ့ရဲ့ဒေါသကြီးသည့် ကလေးရဲ့
ဘယ်သူ့အတွက်လဲဘယ်ကလဲဆိုတဲ့ မန့်ကြောင့် ရုံးခန်းထဲ အသာဝင်ကာ နံပါတ်စဉ်ရေလိုက်ရင်း ဝုန်းကနဲ တံခါး
ပွင့်လာသည့်အပြင် ဂျောင်ကုရောက်လာပါသည်
ခပ်ဖွဖွပြုံးလိုက်ရင်း ထိုကလေးကို တည်ငြိမ်စွာ
ငေးကြည့်တော့ သူ့ပါးကို လာနမ်းပြန်သည် ။

'' ဘာကြီးလဲ အစ်ကိုကြီး Ig က ဘာလဲ လို့ ''

'' မင်းမြင်တဲ့ အတိုင်းဘဲလေကွာ ''

'' ပြောပြလို့မရဘူးလား အစ်ကိုကြီးသဘောကျတဲ့သူက
ဘယ်သူလဲ လို့ ''

'' နောက် တော့ မင်းကိုယ်တိုင်သိလာမှာပါ မလောပါနဲ့ ''

စိတ်ဆိုးမာန်ဆိုးထွက်သွားတဲ့ ကလေးက သူ့မျက်လုံးထဲ
ဂျစ်တိုက်နေသည့်ပုံမို့ ထပ်ပြုံးလိုက်ပါသေးသည်
အတန်းထဲခဏသွားတော့လူဆိုးလေးကကျောင်းမတက်ဘဲ
သူ့အားဆန္ဒပြပါတော့သည် လည်မလိုနဲ့မင်းဟာလည်း
သိပ်တုံးတယ် မောင်ရယ် ။

ဂျောင်ကုမြို့အနှံ့ဆိုင်ကယ်ပတ်စီးပြီး
ခြံထဲဝင်ထိုင်နေရင်း အစ်ကိုကြီးရဲ့ Ig post အား
ထပ်ကြည့်လိုက်သည် ။ ဘူးလေးတစ်ဘူးအား
အမြင်ကပ်စရာ Caption နဲ့
သက်ဆိုင်သူအတွက် ပထမဆုံး ရွေးပေးဖူးသည့် အရာလေး
တစ်ခု ဆိုပြီးသာတင်ထားသည်မို့ ထိုတံဆိပ်ကို သေချာ
မြင်ဖူးသော်လည်းဘယ်မှာလည်း စဉ်းစားမရ၍ ဒေစီ
ခင်းထဲကျောခင်းအိပ်ပစ်လိုက်သည် ။

တောင်းပန်ပါတယ် ပန်းလေးတွေရေ မင်းတို့ပိုင်ရှင်က
ငါ့ကိုစိတ်ဆိုးအောင်လုပ်ထားလို့ နောက်တော့
သေချာပြန်ပျိုးပေးပါ့မယ် ။

Stranger but Warmth { ongoing. }Where stories live. Discover now