Part [20]

202 16 0
                                    

အချိန်ရာသီတွေ ပြောင်းလဲပြီးတဲ့နောက်မှာ သူတို့သားလေး ပညာရေးအတွက် နိုင်ငံခြားကိုမပို့ချင်ပေမယ့် ပို့လိုက်ရသည် ပါးပါးကိုသတိရစိတ်တွေ များနေခဲ့တဲ့ မောင့်ရဲ့ဒယ်ဒီက
သားလေးနဲ့အတူ လိုက်သွားသလို အမှတ်တရတွေထဲ
ပျော်ရွှင်စွာ ပိတ်လှောင်ခံရင်းလက်တွဲဖော်အသစ်မရှာခဲ့ပါ

မောင်ကတော့ အလုပ်တွေလုံးပန်းရင်း စပျစ်ခြံထဲ၌ သူ့ကိုအထီးကျန်စွာ ထားခဲ့ပြီး ညဆိုလည်းပြန်လာချိန်တွေက နောက်ကျသလို သားရောမောင်ရောနဲ့ ဝေးကွာလာသလိုခံစားရသည်
အရင်ကလို မိသားစုစုံလင်စွာ နေရဖို့မျော်လင့်မိတဲ့ နေ့လည်တွေ ညတွေက နှစ်ပေါင်းများစွာကြာသလို
ခံစားရပြန်သည် ။

ထပ်ပြီးကျရောက်လာတဲ့ anniversary နေ့လေး
ဘေးနားမှာ အမှတ်တရတွေဖန်တီးပေးနေကျ မောင်က
အလုပ်ခန်းမှာ သားကလည်းဖုန်းမကိုင်ဘဲ စာတွေကြိုးစားနေရပုံ သူသာ အမြဲအားနေကာ ​ဆေးရုံက နေခွင့်ယူပြီး အမေ့နားခဏဝင်ကာ ဦးတည်ရာမရှိ လျောက်သွားနေခဲ့မိသည်

ဖုန်းကိုလည်း ထားခဲ့သလို လွယ်အိတ်ထဲမှာ သုံးရက်စာခေါက်ဆွဲထုတ်တွေ အကျီင်္တွေထည့်ကာ  မောင်ပေးထားတဲ့  location ရှာရန်ထည့်ထားတဲ့
နာရီကိုပါပစ်ထားခဲ့ရင်းသူခဏလောက်ထွက်ပြေးခဲ့မိသည်။

anni ကို မမေ့လောက်မှန်းသိပေမယ့် ဆိုးတတ်သည့် ညာဉ်ဆိုးလေးကပေါ်လာသည်မို့
သူ့ကိုပစ်ထားသည့် သားအဖအား မှတ်လောက်အောင်
ပညာပေးရန် ထွက်လာခဲ့တာ ဖြစ်သည် ရေဘူးကို
အားယူဖွင့်ရင်း တက်လာခဲ့တာ ချောင်ကျတဲ့နယ်မြို့​လေးမှာ တာဝန်ကျသည့် ဟာဂျွန်းကိုလည်း လာကြည့်ရင်း သူလည်းစိတ်ပြေလက်ပျောက် ဖြစ်စေချင်သည် ။

အလုပ်တွေရှုပ်နေကြပေမယ့် အဘိုးအဘွားတွေနဲ့ ပျော်ရွှင်နေကြတဲ့ အေးချမ်းတဲ့မြို့လေး ဆရာဝန်တွေကြားထဲ ထင်းထွက်နေတဲ့ဟာဂျွန်းကို ဘေးကအလုပ်သင်လေးကချွေးတယုတယ
သုတ်ပေးရင်း ချစ်မြတ်နိုးစွာကြည့်နေသည်ကို သူပီတိဖြစ်ရသည် မင်းကအချစ်ခံရဖို့ ထိုက်တန်တာမို့
ဒဏ်ရာတွေပေးဖူးတဲ့ ငါ့လိုလူကို မေ့သင့်တယ် ။

သူငေးပြီးတော့ ပြန်ထွက်လာခဲ့သည် အားနာစိတ်ကြောင့်
ထင်ပါရဲ့ သူငယ်ချင်း ကိုတောင်မျက်နှာချင်းမဆိုင်ရဲသေးတဲ့သူ အဆင်ပြေပြေရှိနေကြတာကို မြင်ရရင်တော်လှပါပြီ သူ့ကိုတွေ့သွားမှ အတိတ်ကဒဏ်ရာတွေကို မှတ်မိသွားမှာမလိုလားတော့ပါ ။

You've reached the end of published parts.

⏰ Last updated: Apr 01 ⏰

Add this story to your Library to get notified about new parts!

Stranger but Warmth { ongoing. }Where stories live. Discover now