Part { 10 }

576 47 2
                                    

တစ်လဆိုတဲ့အချိန်က ခဏလေးကုန်ဆုံးသွားခဲ့သလို
သူနဲ့ ဂျောင်ကုကြားမထူးဆန်းသွားတဲ့ဆက်ဆံရေးသာ
ဒီအခြေနေကိုသာသူသဘောကျမိနေသည် မင်းပြောသလို
မင်းနှုတ်ခမ်းတွေနဲ့ငါအသားကျလာပြီ ။ မင်း ကောင်မလေးနဲ့
တွဲသွားတိုင်း ကျောပေးနေတတ်တဲ့ အကျင့်ကိုငါရခဲ့ပြီ
မင်းကိုမချုပ်ချယ်ချင်ဘူး ဂျောင်ကုရယ် ငါတင်းနေအောင်
ချည်ထားမိရင် ပြတ်ထွက်သွားမှာငါသိပ်ကြောက်တာ ရူးနေအောင် ပေါက်ကွဲချင်လာတဲ့အခါ ငါလည်းမင်းလို
အနမ်းကြမ်းတွေပေးလိုက်ချင်ပါရဲ့ ။

ဂျောင်ကု ဒီနေ့အတန်းမတက်ချင်လို့ အစ်ကိုကြီးရှိရာ
ခဏလောက် သွားရန်ပြင်လိုက်သည် ဂျူတီကုတ်လေးနဲ့
သိပ်လိုက်နေခဲ့တာ အဝေးကကြည့်နေရင်းတောင်.
ငယ်ငယ်ကလိုဘဲခင်ဗျားဟာသိပ်ပြည့်စုံနေခဲ့တာ အခုတလော
မွန်းကြပ်ပြီးအသက်ရူခဏခဏကြပ်လာသည် အခုလည်း
ရင်ဘတ်ကိုအသာဖိကာငုတ်တုတ်ထိုင်လိုက်တော့ ဘေးနား
ဘယ်ချိန်ကရောက်လာတာမသိ အစ်ကိုကြီးကသူ့ကို
စိုးရိမ်စွာကြည့်နေပြီး ကုတင်ပေါ်ခဏလဲကာ အနားယူခိုင်းနေပြန်သည် ။

'' မင်း အခုတလော အားကစားအပြင်းအထန်
လုပ်နေပြန်တာလား ''

'' မလုပ်ဘူး ''

'' အင်း ခဏနားလိုက်နော်အသက်ရူရောကြပ်သေးလားဟင် '

'' ခင်ဗျား ဒီလို လူတိုင်း ကိုဂရုစိုက်နေတာလား ''

'' အင်း ငါကဆရာဝန်လေကွ ''

'' ပထမဆုံး ခင်ဗျား ဝါသနာကို မနာလိုပြီးသဘောမကျတော့တာဘဲ ''

'' အင်း ဝါသနာရယ်မဟုတ်ပေမယ့် ငါသိပ်ပျော်နေတာ
ဒီဝါသနာကလူတစ်ယောက် အတွက် မဖြစ်မနေလိုအပ်တာမို့''

ပြတင်းပေါက်ဘက်ကိုအသာငေးကာ ပြုံးပြီးပြောနေတဲ့အစ်ကိုကြီးကြောင့် သူ လူတစ်ယောက် ဆိုတဲ့ဟာကြီးကို စိတ်ထဲကပင်ဆွဲထိုးပြီးနေပြီဖြစ်သလို
အခန်းထဲက အတင်းထကာထွက်လာတော့ အနောက်က ခပ်ဟဟရယ်သံကိုကြားလိုက်ရပြန်သည် ခင်ဗျားက
တကယ် မလွယ်လိုက်တာ အစ်ကိုကြီးရယ် ။

စိတ်တိုပြီးထွက်သွားတဲ့ ကောင်လေးကိုကြည့်ပြီးသဘောကျနေတဲ့ သူရှိသလို
ကြိတ်ပြီးသဝန်တိုနေတဲ့ကောင်လေးတစ်ယောက်လည်း
ရှိနေပြန်သည် အနည်းဆုံးတော့ သူတို့ ဟာ တစ်ယောက်စိတ်ထဲတစ်ယောက်စိတ်ထဲ ကြိုရှိနေပြီးသား
မဟုတ်ပါလား ။

Stranger but Warmth { ongoing. }Where stories live. Discover now