အမုန်း၏အဆုံး၌{part1}

3.8K 43 0
                                    

🌼အမုန်း၏အဆုံး၌🌼

{အပိုင်း၁}

"မုန်းတယ် သိပ်မုန်းတယ် ဦးလက်ရာမြေ ရှင့်ကိုမုန်းတယ် ကျွန်မရှင့်ကိုသိပ်မုန်းတယ်"

သွေးထွက်သည်အထိ ဖိကိုထားသော သူမ၏နှုတ်ခမ်းဟာ တစ်စက်စက်တုန်ယင်လျှက်။

လက်ထဲမှ ဖိတ်စာလေးကို ကျစ်နေအောင်ဆုပ်ကိုင်ထားရင်း အသက်မဲ့နေပြီဖြစ်သော မမ၏ရုပ်အလောင်းဘေးတွင် ထိုင်ကာငိုရှိုက်နေမိသည်။

ကြမ်းပြင်ထက်၌လဲ ဦးလက်ရာမြေဆိုသော လူကြီးလာပေးသောငွေအထပ်လိုက်ကို မုန်းတီးစွာ စူးစိုက်ကြည့်နေမိသည်။

"ဟဲ့ အနွံ အဲ့ပိုက်ဆံတွေဒီကိုပေးစမ်းပါအေ"

ဒေါ်လေးစကားကိုမကြားဟန်ပြုကာ ထိုပိုက်ဆံအထပ်လိုက်ကြီးကို မယူကာ အိမ်ရှေ့သို့ထွက်လာခဲ့ရင်း အိတ်ထောင်ထဲမှ မီးခြစ်ကိုထုတ်ကာ ထိုပိုက်ဆံများကို မီးလောင်ကျွမ်းသည်အထိ ရှို့ပစ်လိုက်တော့သည်။

"ဟယ် အမလေးကုန်ပါပြီ အနွံတာ ညည်းဘယ်လိုလုပ်လိုက်တာလဲ ညည်းရူးနေလား ဒီပိုက်ဆံ ဒီပိုက်ဆံတွေက ဘယ်လောက်တောင်များလဲ ညည်းမသိဘူးလား"

"ဒီပိုက်ဆံကြောင့် မမသေသွားရတာလေ ဒါကိုဒေါ်လေးကကျေနပ်သလားပြော တူလေး အနွံ့တူလေး လောကထဲကိုဘာမှန်းမသိရောက်လာတဲ့တူလေးကို အနွံဘယ်လိုစောင့်ရှောက်ရမှာလဲ"

အနွံတို့မိသားစုထဲကို ဆိုးရွားသော ကံကြမ္မာကတိုးဝင်လာသည်။သိပ်ကိုစိတ်ထားကောင်းတဲ့မမ အနွံ့ကိုသိပ်ချစ်တဲ့မမက အခုတော့ လောကကြီးကိုနှုတ်ဆက်ပြီး အနွံ့ကိုပါကျောခိုင်းထွက်သွားခဲ့ချေပြီ။

ဦးလက်ရာမြေဆိုတဲ့လူကြီးနဲ့ဇီဇဝါဆိုတဲ့မိန်းမ အနွံခံစားရသမျှဟောဒီဝေဒနာတွေကို တစ်သီကြီးခံစားစေရမယ်။

တောက်!!!....

_______________

ပြေးကြည့်မှ လောကကြီးမှာဒီညီမနှစ်ယောက်သာရှိသည်။ဒေါ်လေးဆိုတာကလဲ ဦးလေးရဲ့မိန်းမ ဦးလေးကလဲဆုံးသွားတော့ သူစိမ်းပဲပေါ့။

အခုတော့ အနွံသိပ်ချစ်ရတဲ့မမ၊အနွံအားကိုးရတဲ့မမ လောကကြီးကနေထွက်သွားခဲ့ပြီ။တူလေးကို မွေးဖွားပေးခဲ့ပြီး စိတ်ချလက်ချထွက်သွားခဲ့တာ။အနွံ တူလေးကို ဘယ်လိုစောင့်ရှောက်ရမှာလဲ အနွံ့ရဲ့အသက်က အခုမှ၁၃နှစ်သာရှိသေးသည်။အခုတော့ အရွယ်နဲ့မလိုက်တဲ့တာဝန်ကြီးက အနွံ့ထံကျလာပြီပေါ့။

အမုန်း၏အဆုံး၌Opowieści tętniące życiem. Odkryj je teraz