အမုန်း၏အဆုံး၌{part2}

959 28 1
                                    

🌼အမုန်း၏အဆုံး၌🌼

{အပိုင်း၂}

အနွံ မမမြနှစ်ကျေးဇူးနဲ့ကျောင်းတက်ခွင့်ကောအလုပ်လုပ်ခွင့်ပါရသည့်အတွက် ပျော်ရသည်။မမမြနှစ်ကစိတ်ထားကောင်းလွန်းပြီး အနွံ့ကိုသိပ်ချစ်ပေးသည်။ ကံကောင်းလွန်း၍မမမြနှစ်နဲ့ဆုံတွေ့ခွင့်ရတာမို့အနွံပျော်မိသည်။ မမအတာကိုဆုံးရှုံးလိုက်ရပေမယ့် မမမြနှစ်လိုအမတစ်ယောက်ရလိုက်ရသည်ကြောင့် အနွံ့အတွက်ပြည့်စုံသွားသလိုပင်။

အနွံကျောင်းသွားရင်း ဦးလက်ရာမြေတို့အကြောင်းစုံစမ်းဖြစ်သည်။တူလေးအကြောင်းလဲစုံစမ်းဖြစ်ပေမယ့် ဘာဆိုဘာမှမသိရပေ။

တီ....တီ...

အနွံဦးလက်ရာမြေရဲ့ခြံရှေ့မလှမ်းမကမ်းကနေစောင့်ကြည့်နေခိုက် ပြောင်လက်နေသည့်အနက်ရောင်ကားတစ်စီးက ခြံရှေ့ထိုးရပ်လာ၏ ခြံတံခါးပွင့်လာသည်နှင့်အတူ ကားကခြံထဲတန်းဝင်သွား၏ အနွံခြံနားသို့တိုးကပ်ရင်း ခြံထဲသို့လှမ်းကြည့်လိုက်သည်။

ကားပေါ်မှဆင်းလာသည့် အမျိုးသမီးတစ်ဦး နေကာမျက်မှန်ကိုတပ်ထားကာ ရွှေအိုရောင်ဆံပင်များကိုလိပ်ခွေထားသည်။ ရှည်လျားသည့်အရပ်အမောင်းနဲ့ဖြူဝင်းသည့်အသားအရည်ရှိသည့်ထိုအမျိုးသမီးဟာ ဇီဇဝါပင်ဖြစ်ရမည်။

ဝတ်ထားသည့်စကပ်အတိုကြောင့် ဖြူဖွေးနေသည့်ပေါင်တံကပေါ်လွင်နေသည်။လှပသောခန္ဓာကိုယ်အချိုးအစားနဲ့လှပသောမျက်နှာ...သို့သော် ယုတ်မာကောက်ကျစ်သည့် သူမစိတ်ဓာတ်ကြောင့် သူမအလှဟာ မုန်းတီးစရာကောင်းနေသည်။

"ဟေ့ မင်းကဘယ်သူလဲ.."

"ဟင်!!..."

ခြံထဲသို့ငေးကြည့်နေခိုက် အနောက်ဖက်မှသြရှရှအသံကြောင့် အနွံထိပ်လန့်သွားမိသည်။

"ဖြေလေ မင်းဘာလို့ငါ့ခြံထဲကိုချောင်းကြည့်နေတာလဲ ကလေးမ"

အနွံ့လက်မောင်းကိုဆွဲယူ၍လှည့်လိုက်ချိန် ထိုလူနဲ့မျက်နှာချင်းဆိုင်မိသွားသည်။ အရပ်၆ပေကျော်လောက်ရှိမည့်ထိုလူကြောင့် အနွံမော့ကြည့်နေရသည်။ ယောကျာ်းတန်မဲ့သူ၏အသားအရည်ကဖြူဝင်းချောမွတ်နေသည်။ခပ်တည်တည်ဖြင့်စိုက်ကြည့်နေသည့်မျက်ဝန်းများကအေးစက်စက် အရီအပြုံးကင်းမဲ့နေသည့်သူ၏ထူအမ်းအမ်းနှုတ်ခမ်းတစ်စုံထူထဲ၍မဲနက်နေသောမျက်ခုံးများကအလိုမကျစွာတွန့်ကွေးထား၏

အမုန်း၏အဆုံး၌Where stories live. Discover now