အမုန်း၏အဆုံး၌{part6}

695 26 0
                                    

🌼အမုန်း၏အဆုံး၌🌼

[အခန်း၆]

ရုတ်တရက်ဆိုသလို မေမေ့ရဲ့ထင်မထားတဲ့လုပ်ရပ်ကြောင့် လက်ရာမျက်ဝန်းများဝိုင်းစက်ပြူးကျယ်သွားရသလို အနွံကိုယ်တိုင်လဲရုတ်တရက်မို့ရှောင်ချိန်မရလိုက်ပါပဲ မျက်နှာလေးတစ်ခုလုံးလည်ထွက်သွားရသည်။

"မေမေ ဘယ်လိုလုပ်လိုက်တာလဲ...အနွံ ရရဲ့လား အဆင်ပြေရဲ့လား အရမ်းနာသွားလားဟင် ကိုယ်တောင်းပန်ပါတယ်"

လက်ရာပျာယာခက်စွာဖြင့် စိုးရိမ်တကြီးအနွံ့မျက်နှာလေးအားဆွဲယူကြည့်လိုက်ရင်း မေမေ့ကိုပါဒေါသတကြီးအပြစ်တင်လိုက်မိသည်။

"မင်းကအတော်ဖြစ်နေတယ်ပေါ့ ဟုတ်လားလက်ရာမြေ...မင်းအခုလုပ်နေပုံကမှန်တယ်ထင်နေတာလား နင်ကရောအရှက်မရှိသူများအိမ်ထောင်ရေးကိုဖျက်ဆီးရဲတယ်ပေါ့ဟုတ်လားပြောစမ်း!!..."

ဒေါသတကြီးအနွံ့ပုခုံးကိုထပ်မံတွန်းလိုက်ပြန်သဖြင့် အနည်းငယ်ယိုင်နဲ့သွားရသည်။လဲကျမသွားအောင် လက်ရာအလိုက်သင့်ပွေ့ဖက်ပေးလိုက်ရင်း အနွံ့ခန္ဓာကိုယ်လေးအား သူ့ခန္ဓာကိုယ်အနောက်ဖက်သို့ပို့ကာ အရှေ့မှကာရပ်လိုက်၏

"မေမေတော်တော့ ဘာမှသေသေချာချာမသိပဲထင်ရာတွေနဲ့စွပ်စွဲမနေပါနဲ့ အခုလိုကိုယ်ထိလက်ရောက်ကျူးလွန်တာတော့ မေမေလွန်တယ်မဟုတ်ဘူးလား"

"မေမေ....မေမေ စိတ်လျှော့ပါမေမေရယ်"

အနားသို့အပြေးရောက်လာသည့်ဇီဇဝါက မေမေ့လက်ကိုဆွဲကာလာခေါ်သည်။

"တောက်!!....မင်းဘာမဟုတ်တာတွေပြောလိုက်လို့မေမေကအခုလိုလုပ်ရတာလဲ ဇီဇဝါ မင်း...ကျစ်!!...တော်ပြီ အခုချက်ချင်းစာချုပ်မှာလက်မှတ်ထိုးပြီးမင်းအမြန်ထွက်သွားလိုက်တော့"

လက်ရာဒေါသမထိန်းနိုင်စွာဖြင့် ဇီဇဝါ့ကိုလက်ညိုးထိုးကာ ပြောလိုက်သည်။ ဇီဇဝါကအားကိုးတကြီးမေမေ့ကိုကြည့်လိုက်သည်။

"လက်ရာမြေ မင်းဘာဖြစ်နေလဲ ဒီလိုမိန်းကလေးအတွက်"

"မေမေ!!...သူနဲ့မဆိုင်တာမို့သူ့ကိုဆွဲဆွဲမထည့်ပါနဲ့ ဒါကကျွန်တော့်ဧည့်သည်မို့နည်းနည်းလောက်တော့အားနာပေးပါအုံး ကျွန်တော်ဇီဇဝါ့ကိုအစကတည်းကလက်မထပ်ချင်ခဲ့မှန်းမေမေသိတာပဲ ကွာရှင်းချင်တာအခုမှလဲမဟုတ်ဘူးအရင်ကတည်းကမပေါင်းဖက်ချင်တာသိသိနဲ့ မေမေတို့ပဲအပေးအယူနဲ့ကျွန်တော့်ကိုအတင်းလက်ထပ်ခိုင်းခဲ့တာမဟုတ်ဘူးလား အခုသက်မှတ်ထားသလို၁၀နှစ်တိတိပြည့်သွားခဲ့ပြီ ဒါကြောင့်ကျွန်တော်ကွာရှင်းခွင့်တောင်းတာ"

အမုန်း၏အဆုံး၌Onde histórias criam vida. Descubra agora