အမုန်း၏အဆုံး၌{part8}

632 25 0
                                    

🌼အမုန်း၏အဆုံး၌🌼

{အပိုင်း၈}

ရုတ်တရက်တောင်းပန်စကားဆိုရင်းပြောလိုက်သည့် ကိုစစ်သွေး၏စကားကြောင့် အနွံအပါအဝင် ဦးကပါအံ့သြသွားရသည်။

"အနွံ..ငါတောင်းပန်ပါတယ်အနွံ"

"ဒါ...ဒါဆိုရင် မမရဲ့ဘဝကိုဖျက်ဆီးခဲ့တာရှင်ပေါ့....ဟုတ်လား အယုတ်တမာကြီးရဲ့"

ဘုန်း...ဘုန်း..

အနွံငိုရှိုက်ရင်း ကိုစစ်သွေးရင်ဘက်ကိုထုလိုက်သည်။ သူ့ကိုယ်သူအပြစ်ရှိသည့်သူတစ်ယောက်နှယ် ဘာမှမပြောပဲ ခေါင်းငြိမ့်၍အနွံလုပ်သမျှ ပြောသမျှငြိမ်ခံနေသည်။

"ရှင့်ကြောင့်...ရှင့်ကြောင့် ကျွန်မအမသေရတာပေါ့...အားလုံးကရှင့်ကြောင့်ပေါ့လေ ဟုတ်လား"

သူ့ရင်ဘက်ကိုထု၍ငိုနေသည့်အနွံ၏ပြောစကားများကြောင့် စစ်သွေးမျက်လုံးများပြာဝေသွားရသည်။

"အနွံ...မမအတာက မမအတာက ဘာဖြစ်တယ်"

"သူများအမရဲ့ဘဝကိုဖျက်ဆီးပြီးတစ်ချိန်လုံးလိပ်ပြာသန့်သန့်နဲ့နေနေတယ်ပေါ့ ဟုတ်လားအယုတ်တမာကြီး အီးဟီးဟီး"

အခြေနေတွေကရုတ်တရက်ဆိုသလိုပြောင်းလဲကုန်ကာ ထင်မှတ်မထားသည်များဖြစ်လာသည်ကြောင့် မြနှစ်ဘယ်ကဘယ်လိုပင်စတားရမည်ဆိုတာမသိတော့ပေ။ သူမတားလိုက်ခင်မှာပင် အားလုံးဟာ ဘူးပေါ်သလိုပေါ်သွားခဲ့ရချေပြီ။

"မမမြနှစ်...ဘယ်လိုဖြစ်တာလဲ မမပြောတော့ မမအတာက သူ့အိမ်ထောင်နဲ့သူအဆင်ပြေနေပါတယ်ဆို အခုကဘယ်လိုဖြစ်...."

"မမမြနှစ်ကအားလုံးကိုသိနေပြီးသားလား"

"ဟင်!!..."

အနွံကမြနှစ်နားတိုးလာ၍မေးလိုက်သည်ကြောင့် မြနှစ်တစ်ကိုယ်လုံးပူထူသွားရသလို ဘာပြန်ဖြေရမှန်းမသိပေ။

"အနွံ...အဲ့တာကလေ အဲ့တာက"

"ပြောပါ...မမအတာဘာတွေဖြစ်ခဲ့တာလဲ ဘာတွေကြုံတွေ့ခဲ့ရတာလဲ ပြောပြ...."

အနွံရဲ့အသံဟာတုန်ယင်အက်ကွဲနေသလို ဒေါသကြောင့်လဲ အသံဟာမာနေ၏

အမုန်း၏အဆုံး၌Nơi câu chuyện tồn tại. Hãy khám phá bây giờ