အမုန်း၏အဆုံး၌{final part}

1.6K 26 3
                                    

🌼အမုန်း၏အဆုံး၌🌼

{ဇာတ်သိမ်းပိုင်း}

အနွံဓားထိုးခံလိုက်ရသည်ကို ကိုစစ်သွေးသတိမထားမိပေ။ဇီဇဝါ့ကိုသာဆေးရုံအတွင်းပို့နေတာမို့ အနွံ ဝမ်းဗိုက်ကိုအသာဖိလျှက် ကားပေါ်မှဆင်းကာ Taxiတစ်စီးတားကာ ဆေးရုံအတွင်းမှထွက်လာခဲ့လိုက်သည်။

အနွံ ဦးကိုသိပ်တွေ့ချင်သည်မို့ ဦးရှိရာသို့သာသွားရန်ဆုံးဖြတ်လိုက်သည်။နောက်ဆုံးအနေနဲ့ဦးကိုနှုတ်ဆက်ခွင့်ရရင်ကို အနွံကျေနပ်ပါပြီ။ဦးကိုစိတ်ကြိုက်နှုတ်ဆက်ပြီး အနွံ မမဆီသွားတော့မယ်။ အနွံအခုလိုဖြစ်တာကို ဦးမသိစေချင်ဘူး...ထို့ကြောင့်အနွံ သွေစထွက်နေသည့်ဗိုက်ကို အဝတ်ဖြင့်စည်း၍ ဦးရဲ့အိမ်သို့ ထွက်လာခဲ့လိုက်ပေမယ့် အနွံရောက်သွားချိန် ဦးဟာအိမ်မှာရှိမနေပေ။ ကိုစစ်သွေးဖုန်းဆက်ထား၍ဆေးရုံကိုသွားကြောင့်သိရသဖြင့် အနွံထပ်မံအားတင်း၍ ဆေးရုံဘက်သို့ပြန်လာလိုက်သည်။

ဆေးရုံရှေ့မှာTaxiရပ်သည်နှင့်ဆေးရုံအတွင်းပြန်ဝင်လာကာ ခပ်ဖြည်းဖြည်းလျှောက်လာလိုက်သည်။တစ်ဖြည်းဖြည်းနာကျင်မှု့ကပိုလာကာ အနွံလမ်းပင်မလျှောက်နိုင်တော့တဲ့အထိဖြစ်ရသည်။

"အား....ကျွတ်...ကျွတ်"

စည်းထားသည့်အဝတ်လေးပင်သွေးများစိုရွှဲနေလေပြီ။ရပ်ထားသည့်ကိုစစ်သွေးရဲ့ကားနားရောက်တော့ ဦးကိုလှမ်းမြင်လိုက်ရသည်ကြောင့် အနွံ အလျှင်မြန်ကားဖြင့်ကွယ်ကာထိုင်ချလိုက်သည်။

အနွံ့ရဲ့ဒီပုံစံကိုဦးမြင်လို့မဖြစ်ပါ။ မဟုတ်ရင် ဦးအတော်စိတ်မကောင်းဖြစ်သွားမှာ။

အနွံ ဦးနဲ့အဝေးကိုသာထွက်သွားရန်ဆုံးဖြတ်လိုက်ပေမယ့် အနွံ့ဗိုက်ဟာအတော်နာကျင်လာကာ ထ၍မရတော့ပေ။ထိုကားကိုသာမှီ၍ အနွံမျက်လုံးများစုံပိတ်၍ အံကိုကြိတ်ထားမိသည်။

အနွံအခုချိန်သေဆုံးရမယ်ဆိုရင်လဲအနွံကျေနပ်ပါတယ်။ဒါပေမယ့် အနွံ့ရဲ့ပုံစံကို ဦးမမြင်ပါစေနဲ့လို့သာ အနွံဆုတောင်းမိပါတယ်...

..........

"စစ်သွေး အနွံကော"

"ကားပေါ်မှာစောင့်နေတယ်ကိုလက်ရာ...ကျွန်တော်သွားခေါ်ခဲ့မယ်လေ"

အမုန်း၏အဆုံး၌Where stories live. Discover now