အမုန်း၏အဆုံး၌{part11}

689 33 0
                                    

🌼အမုန်း၏အဆုံး၌🌼

{အပိုင်း၁၁}

တီ.....တီ....ကျွီ ဒုန်း....ခွမ်း

ထပ်မံအတိုက်ခံလိုက်ရသည့်ကားလေးဟာလမ်းအလည်ထက်မှာတစ်ပတ်လည်သွားရသည်။

အာ့....အစ်...အစ်....

လည်ပင်းမှ စူးရှရှနာကျင်မှု့ကိုခံစားလိုက်ရသည့်နောက်မှာတော့ မျက်ဝန်းများမှိတ်စက်သွားရလေတော့သည်။

>>>>>

"မနေ့ညနေ၅နာရီခွဲအချိန်ခန့်က ရန်ကုန်မြို့လည်ခေါင်တွင် မကြာသေးခင်ကမှကွာရှင်းထားသည့် အဆိုတော်ဇီဇဝါ၏ခင်ပွန်းဟောင်းဟာ Blue Houseစားသောက်ဆိုင်၏တစ်ဖက်လမ်းတွင် ယာဥ်မတော်တဆမှု့ဖြစ်ပွား၍ စိုးရိမ်ရသည့်အခြေနေဖြင့် ဆေးရုံကြီးမှာအရေးပေါ်ခွဲစိတ်ကုသနေရသည်ဖြစ်ကြောင်း သတင်းရရှိပါသည်ရှင်"

"ဟင်!!..."

စစ်သွေးထင်မထားသည့်သတင်းကြောင့် အထိပ်တလန့်ပင်ဖြစ်သွားရကာ ဖုန်းကိုအမြန်ချ၍ ဆေးရုံသို့လျှင်မြန်စွာထွက်လာခဲ့လိုက်သည်။ဆိုင်မှာမမမြနှစ်မရှိတာမို့ ဖုန်းဆက်၍ ဆေးရုံသို့လှမ်းခေါ်လိုက်သည်။

"ဦးလက်ရာမြေအခုဘယ်အခန်းမှာရှိလဲ..."

စစ်သွေးအမောတကောဖြင့်ကောင်တာသို့မေးလိုက်သည်။

"VVIPအခန်း302မှာပါ အပေါ်လွှာမှာပါရှင့်..."

"ဒါနဲ့..ကားအက်ဆီဒင့်ဖြစ်တာသူတစ်ယောက်ထဲလား အခြားသူတွေပါသေးလား"

"မနေ့ညနေကရောက်လာတဲ့လူနာကတော့သုံးယောက်ပါ အမျိုးသမီးငယ်တစ်ဦးရယ်ကလေးတစ်ယောက်ရယ်စုစုပေါင်းသုံးယောက်ပါ သုံးယောက်လုံးကတော့ ဦးလက်ရာမြေနဲ့အတူကားအက်ဆီဒင့်ဖြစ်ခဲ့တာပါ"

"ဟင်!!အဲ့ဆို အဲ့ဒီအမျိုးသမီးနဲ့ကလေးကောဘယ်မှာလဲ"

"ဦးလက်ရာမြေနဲ့အခန်းချင်းကပ်လျှက်ပါပဲ အခန်း301နဲ့303ပါ အမျိုးသမီးက အခန်း301ပါ"

စစ်သွေးအခန်းနံပါတ်သိရသည်နှင့် အပေါ်လွှာသို့အမြန်တက်လာခဲ့လိုက်တော့သည်။

အခန်း301ကိုသူအရင်ဦးစွာဝင်လိုက်သည်။

"ဟာ!!..."

အမုန်း၏အဆုံး၌Where stories live. Discover now