အမုန်း၏အဆုံး၌{part13}

571 19 0
                                    

🌼အမုန်း၏အဆုံး၌🌼

{အပိုင်း၁၃}

[2လခန့်ကြာသော်]

"ဘယ်လိုဖြစ်တာလဲဇီဇဝါ...နင့်ကိုကြည့်ရတာ တမှိုင်မှိုင်တထွေထွေနဲ့ ဘာဖြစ်နေတာလဲ ဆေးရုံကိုလဲပုံမှန်မလာဘူး"

ဒေါ်ထိပ်ထားမေ ဇီဇဝါ့မျက်နှာအားစေ့စေ့ကြည့်လျှက်မေးလိုက်ပေမယ့် ဇီဇဝါဆီမှတုန့်ပြန်သံမကြားရပေ။

"နင်နေမကောင်းဘူးလားဇီဇဝါ..."

"နေကောင်းပါတယ်မေမေ...."

ပြန်ဖြေလိုက်ပေမယ့် အားမရှိပေ။

"ဆေးရုံရောက်တုန်းတစ်လက်စတည်းနင်ဖြစ်နေတဲ့ရောဂါကိုပြကြည့်ပါလား..."

"ဇီဇဝါဘာမှမဖြစ်ပါဘူးမေမေ....ဇီဇဝါအခုလိုမှိုင်နေတာက မောင့်ကြောင့်ပါ အချိန်၂လတောင်ရှိသွားပြီ မောင်အခုချိန်ထိလဲသတိမရလာသေးဘူး...."

မျက်ရည်များရစ်သီကာပြောလာသဖြင့် ဒေါ်ထိပ်ထားမေ သက်ပြင်းချရင်း လူနာကုတင်ထက်လဲလျောင်းနေသည့်သားကိုတစ်ချက်ကြည့်လိုက်သည်။

"သတိရလာမှာပါ...သားသတိရလာမှဖြစ်မယ်လေ"

ခပ်တိုးတိုးညည်းညူရင်း ဒေါ်ထိပ်ထားမေ မျက်နှာအားလွှဲလိုက်သည်။

"မေမေ...ဇီဇဝါပြန်တော့မယ်.."

"ဟဲ့ အခုမှရောက်တာကို ဘယ်ပြန်မှာလဲ"

"ဟို...ဇီဇဝါ...သွားစရာတစ်နေရာရှိ...အု.....ဝေါ့...ဝေါ့"

ရုတ်တရက်ရင်ဘက်ထဲပြည့်လာကာ မထိန်းနိုင်တော့ပဲ အန်ချလိုက်သည်မှာ လက်ရာမြေ၏ကုတင်အနားသို့...ဆေးရုံကြမ်းပြင်ဟာ အန်ဖက်များဖြင့်မြင်မကောင်းအောင်ဖြစ်သွားရသည်။ဒေါ်ထိပ်ထားမေ နှာခေါင်းအားလက်ဖြင့်ပိတ်လိုက်ကာ

"ဘယ်လိုတွေဖြစ်နေတာလဲဇီဇဝါ...အန်ချင်နေရင်လဲ သန့်စင်ခန်းကိုအမြန်သွားမှပေါ့..."

"မေမေ...ဇီဇဝါတောင်းပန်...ဝေါ့...ဝေါ့...."

အန်ဖက်များဟာအတော်ပင်ပွလန်ကြဲသွားကာ အခန်းတွင်းနံစော်သွားရလေသည်။

"မဖြစ်တော့ဘူးဇီဇဝါ...အပြင်အမြန်ထွက်တော့..."

"ဟုတ်မေမေ...တောင်းပန်...အာ့"

အမုန်း၏အဆုံး၌Where stories live. Discover now