အမုန်း၏အဆုံး၌{part19}

477 18 0
                                    

🌼အမုန်း၏အဆုံး၌🌼

{အပိုင်း၁၉}

"ဒါ..ဒါက"

ဖွင့်လက်စကွန်ပြူတာထဲမှမြင်နေရသည့်သူက မေမေနှင့်သိပ်တူနေသည့်အမျိုးသမီးတစ်ဦး။

ခြေထောက်များကိုသံကြိုးဖြင့်ချည်နှောင်ထားကာ ဆံပင်များကလဲဖွာလန်ကြဲနေသည်။မျက်နှာတစ်ခုလုံးဟာ အညိုမဲစွဲနေ၍ ကြည့်ရဆိုးနေသည်။ဖန်ကွဲစ တစ်ခုဖြင့် သူ့လည်ပင်းကိုထောက်ထားသည်ကြောင့် လည်ပင်းဟာသွေးများပင်စို့နေလေသည်။

"ထိပ်ထားခင် နင်လာမှာလားမလာဘူးလား...ငါအခုငါ့ကိုယ်ငါထိုးပစ်မှာနော် အဲ့အခါကျရင် နင်လိုချင်သမျှတွေအားလုံးဆုံးရှုံးသွားရမယ်မှတ်.."

ထိပ်ထားခင်ဆိုသည့်နာမည်အားခေါ်လိုက်သည်ကြောင့် လက်ရာအနည်းငယ်ကြောင်သွားရသည်။မေမေ့နာမည်ကထိပ်ထားမေကိုဒီအမျိုးသမီးကဘာကြောင့် ထိပ်ထားခင်ဟုခေါ်လဲဆိုတာ သူနားမလည်ပေ။

"နင့်ကြောင့်ငါအရာအားလုံးနီးပါးဆုံးရှုံးခဲ့ရပြီးပြီမို့ အခုငါ့အသက်သေလဲဘာမှမထူးတော့ဘူး...နင်အခုချက်ချင်းငါ့ဆီလာပြီး ငါနဲ့ထိပ်တိုက်လာတွေ့...နင်နဲ့ငါတစ်ယောက်ယောက်သေမှပြီးမယ်..."

အသံကိုအသားကုန်ခြစ်အော်၍ ဖန်ကွဲစကိုမလွှတ်တမ်းထောက်ထားသည်။

ဝုန်း...

တံခါးပေါက်ပွင့်လာကာ လူနှစ်ဦးက ထိုမျိုးသမီးလက်ထဲမှဖန်ကွဲစကိုအတင်းဆွဲလုနေသည်။

"ဖြောင်း!!..."

ဖြောင်းဆိုသည့်အသံနဲ့အတူ အားပါသည့်ရိုက်ချဖြင့်ရိုက်ချလိုက်သည်ကြောင့် ထိုအမျိုးသမီးမျက်နှာလည်ထွက်သွားရကာ လဲကျသွားလေသည်။

"လူယုတ်မာတွေ...ငါ့ကိုပြန်ပေးစမ်း!!..ပြန်ပေး"

သူ့လက်ထဲမှဖန်ကွဲစကိုလုသွားသည်ကြောင့် ပြန်တောင်းနေသည့်ပုံက အရူးတစ်ယောက်နဲ့တူနေသည်။

"သူ့ကိုအမြန်ဆေးထိုးလိုက်...."

သန်သန်မာမာနှင့်လူကအမိန့်ပေးလိုက်သည်နှင့် ဘေးကလူတစ်ယောက်ကခေါင်းငြိမ့်ပြကာ ထိုအခန်းထဲမှပြေးထွက်သွားသည်။ခနအကြာ ဆေးထိုးအပ်ဖြင့်ပြန်ဝင်လာကာ ထိုအမျိုးသမီးအားထိုဆေးထိုးအပ်ဖြင့်ထိုးလိုက်ရာ ခဏရုန်းရင်းဆန်ခက်ဖြစ်ရင်းမှ ငြိမ်သက်သွားလေသည်။

အမုန်း၏အဆုံး၌Место, где живут истории. Откройте их для себя