🌼အမုန်း၏အဆုံး၌🌼
{အပိုင်း၁၂}
သားလေးရဲ့နာရေးကိုဆေးရုံမှာပဲလုပ်သည်မို့ ဂျွန် သားလေးနာရေးကိုလာခဲ့သည်။သေးငယ်သည့်အခေါင်းလေးထဲမှာ အိပ်ပျော်နေသကဲ့သို့ပင်ရုပ်မပျက်ပဲရှိနေသည့်ကလေးလေးဟာ သူ့သားလေးတဲ့လား...
နူးညံ့အိစက်နေမည်ဟုထင်ရသည့် သားလေးရဲ့ပါးပြင်လေးကိုအသာထိတွေ့လိုက်တော့ အေးစက်စက်အထိအတွေ့သာခံစားရသည်။ထိုအေးစက်စက်ပါးပြင်လေးအား သူအကြိမ်ကြိမ်နမ်းရှိုက်မိနေသည်။
မိသားစုဝင်ဟုလဲပြောမရသည့်သူ့အခြေနေကြောင့် ခိုး၍သာနမ်းရှိုက်နေရသည့်သူ့အဖို့အဆင်မပြေလှပါ။
"သနားစရာကလေးလေးပါလား သူ့အဖေကလဲသတိမရသေးဘူး သူ့အဒေါ်ကလဲသတိမရသေးဘူး ဘယ်လိုလုပ်ရမလဲသနားလွန်းလို့"
"ဟုတ်ပါ့ဟယ် သနားစရာသိပ်ကောင်းတာပဲ သူ့အဖေကိုလာလာကြည့်နေတဲ့အမျိုးသမီးကတော့ သူ့အမေမဟုတ်ဘူးထင်တယ် မိထွေးလားမသိဘူး မျက်နှာကခပ်မာမာနဲ့ ကလေးလေးသေသွားတာတောင်တစ်စက်မှဝမ်းနည်းခြင်းမရှိဘူး"
"ဟုတ်လောက်မှာ သူကမိထွေးထင်တယ် သနားပါတယ် ကလေးလေးရယ် သွားပေတော့နော် လောကကြီးကနေထွက်သွားတာအရမ်းကိုမြန်ဆန်လွန်းလှပါလား"
ခပ်တိုးတိုးပြောနေသည့်စကားသံများကြောင့် သားလေးအနားမှသူခွာလိုက်ရင်း အခြားအလုပ်များကိုဟန်ဆောင်လုပ်လိုက်ရသည်။ မကြာခင်မှာပဲ ဆေးရုံမှ
ဆရာဝန်များနှင့်နာစ့်မများအပါအဝင် အခြားလူများစုကာ သားလေးနာရေးကိုပို့ဆောင်ကျတော့သည်။ သားလေးကိုမီးရှို့ပြီး အရိုးပြာအိုးအားမြုပ်ပြီးဂူသွင်းသည့်အချိန်ထိ ဂျွန်စောင့်ကြည့်နေမိသည်။"သားလေး အဖေကသားလေးကိုအနူးညွတ်တောင်းပန်ပါတယ် သားလေးဟာအဖေ့ရဲ့သားလေးဆိုတာမသိခဲ့တာမို့ အဖေတောင်းပန်ပါတယ် အမုန်းတရားတွေနဲ့သားမေမေကိုသတ်ခဲ့တဲ့မိန်းမကိုပြန်နာကျင်စေရုံနဲ့လုပ်ခဲ့တဲ့အဖေ့ရဲ့လုပ်ရပ်ကြောင့် သားလေးကိုအသက်ဆုံးရှုံးသည်အထိဖြစ်ခဲ့ရတယ် အသုံးမကျတဲ့ဟောဒီအဖေကသားလေးကိုတောင်းပန်ပါတယ်
![](https://img.wattpad.com/cover/325237274-288-k773547.jpg)