🌼အမုန်း၏အဆုံး၌🌼
{အပိုင်း၂၁}
{လက်ရာမြေ ပြင်သစ်မှပြန်ရောက်ခါစအချိန်}
"အကိုလက်ရာ..."
"မြနှစ်နဲ့စစ်သွေးပါလား ဒီကိုဘယ်လိုရောက်လာတာလဲ"
"အကိုလက်ရာကိုတမင်လာစောင့်နေတာပါ မြနှစ်ပြောစရာလေးရှိလို့"
"ပြောစရာဟုတ်လား ဘာများလဲ"
"မြနှစ်တို့အေးဆေးဖြစ်မယ့်တစ်နေရာသွားကျမလား"
"အင်း သွားလေ"
............
{လွန်ခဲ့သော၁၀နှစ်ကျော်က}
"မြနှစ်...မြနှစ်"
ကိုယ်ဝန်ရင့်မာကြီးနဲ့သူ့ဆီရောက်လာတဲ့အတာ့ကို မြနှစ်အံ့သြသလိုကြည့်ရင်း
"အတာ နင်ဘယ်တုန်းကအိမ်ထောင်ကျသွားတာလဲ"
အားလုံးကိုသိရက်နဲ့မြနှစ်မသိဟန်ဆောင်ကာမေးလိုက်ပေမယ့် ကိုယ့်လိုက်ပြာကိုယ်မလုံတာမို့ အတာ့ကိုမျက်လုံးချင်းပင်ဆုံမကြည့်ရဲပါ။
"မြနှစ် အဲ့တာတွေနောက်မှမေးဟာ ငါနင့်ကိုအရေးတစ်ကြီးပြောစရာရှိလို့"
"ဘာပြောမလို့လဲပြောလေ..."
"ငါလေ အံ့သြစရာကိစ္စတစ်ခုကိုသိခဲ့တယ်"
"အံ့သြစရာကိစ္စဟုတ်လား ဘာကိစ္စလဲ"
"လက်ရာရဲ့အမေရင်းကအဖမ်းခံထားရတယ်"
အတာ့စကားကိုမြနှစ်ကမယုံသလိုကြည့်လာသည်။
"အဲ့ကိစ္စကိုငါသိတာမကြာသေးဘူး ငါလက်ရာကိုဒီကိစ္စအသိပေးချင်တယ် နင်ကူညီပေးပါမြနှစ်"
"ငါကဘယ်လိုကူညီရမှာလဲအတာရဲ့"
"အခုငါပြောတဲ့အကြောင်းကိုနင်လက်ရာကိုသွားပြောပြလိုက်ဟာ ငါကိုယ်တိုင်ပြောချင်ပေမယ့် ငါ့ပုံစံကိုလဲကြည့်အုံးလေ"
အတာကသူ့ဗိုက်ပူပူလေးကိုကိုင်ရင်းခေါင်းငုံ့လျှက်ပြောလာသည်။မြနှစ်ကိုယ့်ကိုယ်ကိုမလုံမလဲဖြစ်နေမိကာ နေမရထိုင်မရဖြစ်နေသည်။
"အတာရယ်နင်ပြောတဲ့ကိစ္စကယုတ္တိမှမရှိတာ ကိုလက်ရာကဘယ်လိုလုပ်ယုံမှာလဲ"